Wednesday, August 24, 2016

thumbnail

အမျိုးသားတစ်ဦး၏ ၀မ်းဗိုက်အတွင်းမှ ဓါးအချောင်း(၄၀)ကို အိန္ဒိယဆရာဝန်များ ဖယ်ရှားပေး


*********************************
အိန္ဒိယနိုင်ငံ မြောက်ပိုင်း အမ်ရစ်ဆာမြို့က ဆရာဝန်တွေဟာ အမျိုးသားတစ်ဦးရဲ့ ၀မ်းဗိုက်အတွင်းက ဓါးအချောင်း(၄၀)ကို ခွဲစိတ်ဖယ်ရှားပေးခဲ့ရကြောင်း ပြောကြားခဲ့ကြပါတယ်။ 

အသက်(၄၂)နှစ်အရွယ် အဲဒီအမျိုးသားဟာ ဓါးအချောင်း(၄၀)ကို သုံးလတာကာလအတွင်း မျိုချခဲ့တာလို့ သိရပါတယ်။ သူရဲ့ ဝမ်းဗိုက် မခံမရပ်နိုင်အောင် နာကျင်ခံစားလာရချိန်မှာ အဲဒီအမျိုးသားက မိမိကိုလာတွေ့ ခဲ့ပါတယ်လို့  ဒေါက်တာ ဂျတ်တင်ဒါမယ်ဟော်ထရာက ပြောခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအမျိုးသားဟာ ဓါးတွေမျိုချခဲ့တဲ့ကိစ္စကို ဆရာဝန်တွေကို ထုတ်မပြောခဲ့ပါဘူး။ စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ချိန်မှသာ ဒီလူဟာ ဓါးတွေမျိုချထားတယ်ဆိုတာ သူတို့ သိခဲ့ရတယ်လို့  ဒေါက်တာ မယ်ဟော်ထရာက ဆိုပါတယ်။ အခုချိန်မှာတော့ ဒီအမျိုးသား ပြန်လည်ကျန်းမာလာပြီဖြစ်ကာ အသက်အန္တရာယ်မရှိတော့ဘူးလို့ လည်း သိရပါတယ်။ ၀မ်းဗိုက်ထဲက ဓါးတွေဖယ်ရှားခဲ့တဲ့ ခွဲစိတ်ကုသမှုကို ဆရာဝန်(၅)ဦးပါ အဖွဲ့ က ဦးဆောင်ပြီး ငါးနာရီကြာ ခွဲစိပ်ဖယ်ရှားပေးခဲ့ကြောင်း သိရပါတယ်။

``ရှုပ်ထွေးတဲ့ ခွဲစိပ်ကုသမှုတစ်ခုပါ။ ခွဲစိတ်မှုအောင်မြင်ဖို့ အတွက် ကျွန်တော်တို့ သေသေချာချာ ပြင်ဆင်ခဲ့ပါတယ်´´လို့ ဒေါက်တာ မယ်ဟော်ထရာက ပြောခဲ့ပါတယ်။ 

ဆရာဝန်တွေက အခုအခါ သူဘာကြောင့် ဒီဓါးတွေကို မျိုချခဲ့ရသလဲဆိုတာကို သိရှိဖို့  မေးမြန်းမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

``ဒီဓါးတွေ သူဘာကြောင့် မျိုချခဲ့သလဲဆိုတဲ့ အဖြေကို ကျွန်တော်တို့ လည်း မသိပါဘူး။ ဒီကိစ္စမျိုးက သူ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတစ်ခုခု ခံစားနေရလို့ လည်း ဖြစ်ဖွယ်ရှိပါတယ်။ သူ ဓါးတွေမျိုချနေတဲ့ ကိစ္စကို သူ့ မိသားစုကလည်း မသိကြပါဘူး´´လို့  ဒေါက်တာမယ်ဟော်ထရာက ဆက်လက်ပြောပါတယ်။ 

အခုတော့သူ့ ကို လမ်းညွှန်ဆွေးနွေးမှုတွေလုပ်ထားပြီး သူကိုယ်တိုင်ကလည်း နောက်ဆိုဓါးတွေနဲ့  ဘယ်တော့မှ ထိတွေ့ တော့မှာ မဟုတ်ကြောင်း ကတိပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူ့ မိသားစုကတော့ သူ့ ကို စောင့်ကြည့်နေရဆဲဖြစ်ကြောင်း သိရပါတယ်။ 

Ref:BBC

Subscribe by Email

Follow Updates Articles from This Blog via Email

No Comments

About

Powered by Blogger.