Thursday, August 25, 2016

thumbnail

မင်္ဂလာဒုံမြို့နယ်တွင် တစ်ရပ်ကွက်တည်း နေသူက သားမယားပြုကျင့်ခဲ့

===================================


မင်္ဂလာဒုံမြို့နယ်တွင် တစ်ရပ်ကွက်တည်းနေသူကသားမယားပြုကျင့်ခဲ့သည် ဆိုမှုကို သက်ဆိုင်ရာက သြဂုတ်လ ၂၃ ရက်နေ့တွင်အမှုဖွင့်စစ်ဆေးလျက် ရှိသည်။


အဆိုပါနေ့ နံနက်၈နာရီအချိန်ခန့်တွင်မင်္ဂလာဒုံမြို့နယ်၊ ကြံခင်းစု ရပ်ကွက်နေ အမျိုးသားတစ်ဦးက သက်ဆိုင်ရာသို့တိုင်ကြားရာတွင် အသက် ၂၀အရွယ် သမီးဖြစ်သူ မျက်နှာမကောင်းသဖြင့်မေးမြန်းခဲ့သည်။ သြဂုတ် လ ၂၀ ရက်နေ့ နံနက် ၇ နာရီ အချိန်ခန့်က မေဓါဝီဈေးသို့ဈေးဝယ်သွားခဲ့ပြီးချမ်းသာပြည့် စုံလမ်း အမှိုက်ကန်အနီးတစ်ရပ်ကွက်တည်းနေ ဇော်ဇော်အောင် (၂၈ နှစ်)နှင့်တွေ့ဆုံ ခဲ့သည်။


ဈေးအတူသွားမည်ဟုပြောဆိုကာအတင်းဆွဲခေါ်ပြီးလေဆိပ်ဘေးလမ်း၊လေကြောင်းအချက်ပြ၀င်းအတွင်းရှိသစ်ပင်အောက်တွင် သားမယားပြုကျင့် ခဲ့ကြောင်း ပြောပြသိရသဖြင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။ မရမ်းကုန်းမြို့မ ရဲစခန်းက(ပ) ၆၇၉/ ၁၆ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့်စစ်ဆေး လျက်ရှိသည်။


Credit>>>The Myanmar Times

Subscribe by Email

Follow Updates Articles from This Blog via Email

No Comments

About

Powered by Blogger.