Thursday, August 25, 2016

thumbnail

အမျိုးသမီးများပါဝင်ပတ်သက်လာသည့် မူးယစ် ဆေးဝါးမှုဖမ်းဆီးရမိ


****************************************

25.8.2016 ရက်နေ့ 11:30 အချိန် 

ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးတို့၏ ညွန်ကြားချက်အရ ရဲအုပ်အောင်ဇော်မင်းထွန်း ဦးစီးနယ်ထိန်းအဖွဲ့ မူးယစ်အထူးအဖွဲ့၊ ယာဉ်ထိန်း အဖွဲ့၊ ကျေးရွာအုက်ချုပ်ရေးအဖွဲ့တို့ပါဝင်သောပူး ပေါင်း အဖွဲ့သည် ကားလမ်းကြောင်းဖြင့်မူးယစ် ဆေးဝါးများသယ်ဆောင်နေကြောင်းသတင်းအရ ရွှေပြည်စိုးကျေးရွာလမ်းဆုံတွင်ပိတ်ဆို့စစ်ဆေးရေးဆောင်ရွက်နေစဉ် ကော့သောင်း-အောင်ဘာ ပြေဆွဲလျှက်ရှိသော ခရီးသည်တင်ကားအားရပ် တန့်ပြီး ရီးသည်များအား စစ်ဆေးရှာဖွေခဲ့ရာကား ခေါင်းခန်းတွင်စီးနှင့်လိုက်ပါလာသူ မြမြသက် ၄၉ နှစ် (ဘ)ဦးလှသက် အောင်ဘာ ကျေးရွာနေသူ ၏ ပစ္စည်များအား စစ်ဆေးရှာဖွေခဲ့ရာ ဘိန်းစာမှုန့် ၁၀၀ ထုပ် စုစုပေါင်းအလေးချိန် ၉ ကီလိုဂရမ်ခန့် နှင့် အမျိုးသမီးရဲမေ များနှင့်၎င်း၏ခန္တာကိုယ်အား စစ်ဆေးရှာဖွေခဲ့ရာ ၄င်း၏ဘော်ဒီအောက်ရင် ဘတ်အတွင်းမှ WY ဆေးပြား ၁၇ ပြား စုစုပေါင်း ကာလတန်ဖိုး (၁၅၈၀၀၀ိ/ကျပ်ခန့်) တို့အားဖမ်း ဆီးရမိသဖြင့် ကော့သောင်းရဲစခန်း မယ(ပ)၇၄/ ၂၀၁၆ မယပုဒ်မ ၁၅/၁၉(က)/၂၀(က)အရအရေး ယူဆောင် ရွက်ထားရှိကြောင်းသိရှိရပါသည်။

Aung Zaw Min Tun
သုခမိန် သုခမိန်/Ko Ye Htut Gyi

Subscribe by Email

Follow Updates Articles from This Blog via Email

No Comments

About

Powered by Blogger.