Tuesday, August 16, 2016

thumbnail

အသက်ငါးနှစ်မှာကလေးမွေးခဲ့တဲ့ ကမ္ဘာ့အသက်ငယ်ဆုံးမိခင်၏အကြောင်း


ထူးပေ့ဆန်းပေ့ဆိုတာကို စိတ်ဝင်စားကြတဲ့ ဘော်ဒါတွေအနေနဲ့ ခေါင်းစဉ်ကို ဖတ်ပြီး နည်းနည်းတော့ ဇဝေဇ၀ါဖြစ်သွားပါလိမ့်မယ်။ အသက်ငါးနှစ်ဆိုတဲ့ အပိုင်းအခြားဟာ သာမာန်အားဖြင့် ကလေးမွေးနိုင်တဲ့ အရွယ်မဟုတ်ဖူးလေ။ ဒါပေမယ့် တစ်ချို့သော ကိစ္စရပ်တွေဟာ လက်တွေ့အရှိတရားတွေနဲ့ ချိန်ထိုးကြည့်လို့ မရတာတွေလည်း ရှိပါတယ်။



ပီရူးနိုင်ငံသူ Lina Medina ကတော့ အသက် ငါးနှစ်အရွယ်မှာ ကလေးတစ်ယောက်ကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့လို့
ကမ္ဘာ့အသက်ငယ်ဆုံး ကလေးမိခင်ဘွဲ့ထူးကို ရထားသူ ဖြစ်ပါတယ်။ တိတိကျကျဆိုရရင် ပထမဆုံး ကလေးမွေးချိန် သူမရဲ့ အသက် အတိအကျဟာ အသက် (5)နှစ်၊ (7) လ၊ (17)ရက် ဖြစ်ပါတယ်။

Lina ရဲ့ အရပ်ကလည်း သုံးပေသာရှိပြီး ပီရူးနိုင်ငံသူဆိုပေမယ့် အိန္ဒိယနွယ်ဖွား ဖြစ်ပါတယ်။ သူမရဲ့ ကလေးကို အောင်
မြင်စွာ မွေးဖွားပေးခဲ့တဲ့ ဆရာဝန်ကတော့ Geraldo Lozada ဖြစ်ပြီး ကနဦးတော့ Lina ရဲ့ ဗိုက်ကို အကြိတ်ကြီးတစ်ခုလို့ ယူဆခဲ့ပါတယ်။ တကယ်တမ်း ခွဲစိပ်ချိန်မှာ အသက်ငါးနှစ်အရွယ် ကလေးမလေးဟာ ရှစ်လအရွယ် ကိုယ်ဝန်ကို
ဆောင်ထားရကို အံ့သြဖွယ်တွေ့ရှိခဲ့ရပါတယ်။



1939 ခုနှစ် မေလ (14)ရက်နေ့မှာ ကလေးကို ခွဲစိပ်ပြီး မွေးပေးခဲ့ရပါတယ်။ Lina ရဲ့ မွေးနေ့ကတော့ 1933 စက်တင်ဘာလ 27 ရက် ဖြစ်ပါတယ်။ ဒီထက် ပိုပြီးထူးဆန်းတာက Lina ရဲ့ ထူးခြားတဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံအရ ရင်သားတွေဟာ ကဋ္ဌ
လေးတေစ်ယောက်ကို နို့တိုက်ဖို့အတွက် လုံလောက်ပြီး တင်ပါးစုံရိုးနဲ့ အခြားအရိုးဖွဲ့စည်းမှုတွေဟာ အရွယ်ရောက်ပြီး လူတစ်ယောက်ရဲ့ ပုံစံနဲ့ တူညီနေခြင်း ဖြစ်ပါတယ်။

 

Lina ဟာ အလေးချိန်ခြောက်ပေါင်အထိ ရှိတဲ့ Gerardo အမည်ရတဲ့ ကလေးတစ်ယောက်ကို မွေးဖွားခဲ့ပြီး သူ့အမေ Lina ကို ဘ၀တစ်လျှောက်လုံး အစ်မလို့ ထင်နေခဲ့ပါတယ်။ အသက်(၁၀)နှစ်ရောက်မှသာ အမေဖြစ်ကြောင်း သိခဲ့ရတယ်လို့ ဆို
ပါတယ်။ ဒီကိုယ်ဝန်ကို ဘယ်သူနဲ့ ရခဲ့တာလည်းဆိုရင်တော့ ဖခင်စိတ်ကင်းမဲ့ပြီး ယုတ်မာခဲ့တဲ့ အဖေရင်းရဲ့ လက်ချက်ဖြစ်
ပြီး ၎င်းကို ဖမ်းဆီးထောင်ချခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ နယ်နှင်ဒဏ် ပေးခဲ့ပါတယ်။ အချို့သတင်းအရင်းအမြစ်တွေ
အရလည်း ဖခင်ကြောင့်မဟုတ်ပဲ ဖခင်ကိုမှားယွင်းစွပ်စွဲခဲ့လို့ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။ ကိုယ်ဝန်ရရသည့်
အကြောင်းအရင်းကို အခုအချိန်အထိ တိတိကျကျ သက်သေနှင့်သိရခြင်းမရှိသေးဘူးလို့သိရပါတယ်။


Lina ဟာ Raúl Jurado အမည်ရတဲ့ အမျိုးသားနဲ့ လက်ထပ်ခဲ့ပြီး အဲဒီလူဟာ ဒုတိယ ကလေးရဲ့က ဖခင်ဖြစ်ပါတယ်။ ဒုတိယကလေးကို 1972 ခုနှစ်မှာ မွေးခဲ့ပါတယ်။ အဲဒီအချိန်မှာ Lina ဟာ အသက် (39-40) အရွယ်ကို ရောက်နေပါပြီ။ Lina ဟာ အခုအချိန်အသက်ထင်ရှားဆဲဖြစ်ပြီး အသက် (80) အရွယ် အဘွားအိုဘ၀ကို ရောက်နေပြီ ဖြစ်ပြီး ခင်ပွန်းသည်က
တော့ ဆုံးပါးခဲ့ပါပြီ။

နတ်စည်တော် (Shwemom)

source : oddee.com, wiki


Subscribe by Email

Follow Updates Articles from This Blog via Email

No Comments

About

Powered by Blogger.