Sunday, September 18, 2016

thumbnail

သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းတစ်ခုကို ဓါးနဲ့ဇာတ်သိမ်း

78abd4958b5971ce724ed2ad641d0f6b.jpg=============================
၁၈..၉..၁၆
-
မန္တလေး မဟာအောင်မြေမြို့နယ် မဟာမြိုင် ၁ ရပ်ကွက်အတွင်း မနေ့ညက 
ဓားထိုးမှုတစ်ခုဖြစ်ခဲ့တာမှာ ဓားထိုးခံရသူ ဆေးရုံရောက်ရောက်ချင်း 
သေဆုံးသွားခဲ့တယ်လို့မန်းရဲတပ်ဖွဲ့က ပြောဆိုလိုက်ပါတယ်။
-
ဒီဖြစ်စဉ်ဟာ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းတစ်ခုလို့ ရဲမှတ်တမ်း
များနှင့်စစ်ဆေးချက်များအရသိရပြီး ချန်ရစ်ခံရသူလို့ပြောနေကြသူ
အမျိုးသမီးက စွန့်ခွာထွက်ပြေးသူလို့ပြောနေကြသူအမျိုးသားကို
အဲဒီအမျိုးသားနဲ့အတူ နောက်ထပ်အမျိုးသမီးတစ်ဦး ဆိုင်ကယ်တစ်စီး
ထဲအတူစီးလာစဉ် လမ်းကနေဖြတ်တားပြီး ဓားနဲ့ထိုးလိုက်တာလို့
သိရပါတယ်။ 8bd6e99adbe6e2a917bc2aba6c81f356.jpg ဖြစ်ဉ်နဲ့ပတ်သက်ပြီးတော့လည်း အဲဒီနေရာအနီးအနားက ဆိုင်တစ်ဆိုင်ရဲ့
စီးစီတီဗီရိုက်ယူထားတဲ့ ဗီဒီယိုဖိုင်တစ်ခု ညတွင်းချင်းပဲ 
အွန်လိုင်းပေါ်ပျံ့နှံ့သွားခဲ့ပါတယ်။
-
သေဆုံးသွားတဲ့အမျိုးသားဟာ ၀ဲဘတ်ရင်အုံထိုးသွင်းဒဏ် ရာတစ်ချက် 
ဝမ်းဗိုက်အတွင်းထိုးသွင်းဒဏ်ရာ တစ်ချက် နဲ့ မန္တလေးပြည်သူ့ဆေးရုံ
ပို့ဆောင်ခဲ့ရာမှာ ဆေးရုံရောက်ပြီး ခဏမှာပဲ သေဆုံးခဲ့ရတာ
ဖြစ်တယ်လို့သိရပါတယ်။ 34f12fa1d23e44b683431bdfe03e0ba3.jpgဒီအမှုနဲ့ပတ်သက်ပြီး အမှတ် ၉ ရဲစခန်းက (ပ)၅၂၂/၂၀၁၆ ရာဇသတ်ကြီး
ဥပဒေပုဒ်မ ၃၀၂ နဲ့ဓားထိုးသူအမျိုးသမီးကို အမှုဖွင့်စစ်ဆေးနေတယ်လို့လည်း 
အဲဒီရဲစခန်းတာဝန်ရှိသူက ပြောပါတယ်။
==========
naw watch

Subscribe by Email

Follow Updates Articles from This Blog via Email

No Comments

About

Powered by Blogger.