Sunday, September 25, 2016

thumbnail

ညီမ၏ ရည်းစားဟောင်းက အိမ်ပြတင်းမှ ကျော်တက် ကာ ဓားဖြင့်ဝင်ထိုးမှုကြောင့် အစ်မသေဆုံးပြီး ညီမနှင့် တစ်နှစ်ရွယ် ကလေးငယ် တစ်ဦးဒဏ်ရာရရှိ

ရန်ကုန်၊ စက်တင်ဘာ ၂၅


ဒလမြို့ နယ် ညောင်ကုန်းရပ်ကွက်တွင် ညီမ ၏ရည်းစားဟောင်းဖြစ်သူက ည ၁၁ နာရီ ခန့်တွင် အိမ်ပြတင်းပေါက် မှကျော်တက်ပြီး ဓားဖြင့်ဝင်ထိုးမှု ကြောင့် အစ်မဖြစ်သူမှာ သေဆုံးပြီး တစ်နှစ်အရွယ် ကလေးငယ် တစ်ဦး နှင့်ညီမဖြစ်သူတို့ ထိခိုက်ဒဏ်ရာ များရရှိခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ စက်တင်ဘာ ၂၄ ရက် ည ၁၁နာရီခန့်တွင် ဒလမြို့ နယ် ညောင်ကုန်းရပ်ကွက်၊ ဧရာဝတီ လမ်း၊ အမှတ် ၅/၇၇၅ရှိ မကြည် ပြာ၏နေအိမ်အတွင်း ပဲခူးမှ အလည် ရောက်လာသော အစ်မဖြစ်သူ မသန္တာနှင့် ၎င်း၏ သမီးငယ်တို့ ရှိနေ စဉ် မကြည်ပြာ၏ ရည်းစား ဟောင်း သီရိ(ခ)ချစ်စန်းမောင် သည် နေအိမ်ပေါ်သို့ ပြတင်းပေါက်မှ ကျော်တက် ၀င်ရောက်ကာ ဓားဖြင့် ထိုးသွားကြောင်း၊ မသန္တာ(၃၅နှစ်)တွင် ၀မ်းဗိုက်ပြတ်ရှ ဒဏ်ရာနှစ်ချက်ရရှိပြီး ဒလမြို့ ပြည်သူ့ဆေးရုံမှတစ်ဆင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့စဉ် သေဆုံး သွားခဲ့ကာ၊ မကြည်ပြာ (၃၁)နှစ် မှာဝမ်းဗိုက် အူထွက် ပြတ်ရှဒဏ်ရာ တစ်ချက် (စိုးရိမ်ရ)နှင့် မချစ်ဖူးငုံ (၁နှစ်ခွဲ) တွင် ယာခြေသလုံးပြတ်ရှ ဒဏ်ရာတစ်ချက်ဖြင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ထားကြောင်း ဒလ မြို့မ ရဲစခန်းမှ သိရသည်။


""ကျွန်တော်တို့ ပထမတုန်းက တော့ ဓားဒဏ်ရာတွေနဲ့ ဆေးရုံပို့ အချိန်မှာ ကျူးလွန်ပြင်ဆင်အိမ် ကျော်နင်းမှု ပုဒ်မ- ၄၅၂၊ ဘေးဖြစ် စေသောလက်နက်မှု-၃၂၆ ပုဒ်မ တွေနဲ့အမှုဖွင့်ပြီး တရားခံကိုဖမ်းဆီး စစ်ဆေး ဆောင်ရွက်တယ်။ အခုဆေး ရုံမှာ တစ်ယောက် သေသွားတော့ ၃၀၂ လူသတ်မှုနဲ့ ပုဒ်မပြောင်းဖွင့်ပြီး စစ်ဆေးဆောင်ရွက်နေပါတယ်"" 

ဟု စက်တင်ဘာ ၂၅ ရက်တွင် တာဝန်မှူး ဒုရဲအုပ်စိုးပိုင် ကပြောသည်။


စက်တင်ဘာ ၂၄ ရက် ညဥ့်ဦး ပိုင်းတွင် သီရိ(ခ) ချစ်စန်းမောင် သည် ရည်းစားဟောင်းဖြစ်သူ မကြည်ပြာ အိမ်သို့ လာရောက်ကာ မကြည်ပြာ အား အပြင် ခေါ်ထုတ်ရာ အစ်မဖြစ် သူ မသန္တာနှင့် စကားများရာမှ ယခု ကဲ့သို့ ဓားဖြင့် ၀င်ထိုးခြင်းဖြစ်ကြောင်း အခင်း ဖြစ်ပွားရာ နေအိမ်အနီးတွင် နေထိုင်သည့် ညောင်ကုန်း ရပ်ကွက်၊ ဧရာဝတီလမ်းကြီး ဆယ်အိမ်မှူး ကိုမျိုးမင်းပိုင် က ပြောသည်။


""ပထမက သူ မကြည်ပြာကို နှိပ်စက်လို့ ခံဝန်ခြေချုပ် အာမခံနဲ့ လွှတ်ထားတာ၊ ကောင်မလေးက ကလေး နှစ်ယောက်အမေ။ သူ့ယောက်ျား ကဆုံးသွားပြီ။ အရင်ဆုံး ကောင်မလေးကို လာခေါ်တယ်။ ခေါ်တော့ အစ်မဖြစ်သူက နင်ငါ့ညီမကို အပြင်ခေါ်ပြီး နှိပ်စက် နေတာများနေပြီလို့ ပြောတော့ ချစ်စန်းမောင်က အစ်မ က ဘယ်သူတုံးလို့ မေးတယ်။ အပြင်မှာ စကားများ ကြပြီး ချစ်စန်းမောင် ပြန်သွားတယ်။ အိမ်ရှေ့တံခါးက ပိတ်ထားတော့ ပြတင်းပေါက်က ကျော်ဝင်ပြီးတော့ ဒဏ်ရာတွေကြည့်ရ တာ ဓားနဲ့ဆွဲခြစ်တဲ့ပုံစံပါ။ သေဆုံး သူက ကလေးကိုပိုက်ပြီး အိမ်ရှေ့ တံတားခြေရင်းမှာ လဲနေတယ်။ ကလေးပိုက်ထားတော့ ကလေး ခြေသလုံး ကိုထိသွားတယ်။ ၁၂ ချက်ချုပ် ရတယ်""ဟု ၎င်းက ဆက်လက်ပြော သည်။


ချစ်စန်းမောင်သည် ဓားဖြင့် ထိုးပြီးနောက် မကြာမီ ၎င်းကိုယ်တိုင် ဒလမြို့မရဲစခန်းသို့ လာရောက်အဖမ်း ခံကြောင်း ဆယ်အိမ်မှူး ကိုမျိုးမင်း ပိုင်က ပြောသည်။


ဇူလိုင် ၂၆ ရက်ကလည်း မကြည်ပြာ၏ အိမ်ရှေ့သို့ ရည်းစားဟောင်း ဖြစ်သူ ချစ်စန်းမောင် ရောက်ရှိလာ ပြီး မကြည်ပြာအား အပြင်သို့ ခေါ်ရာ မလိုက်သဖြင့် ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ကြောင်း မကြည်ပြာ က ဒလရဲစခန်းသို့ တိုင်တန်းခဲ့ဖူးပြီး ဒလမြို့မရဲစခန်းမှ (ပ)၃၄၄/၂၀၁၆ ၊ ရာဇသတ်ကြီးပုဒ်မ ၄၅၁/ ၂၉၄/၃၂၃/၅၀၆ ဖြင့် အရေးယူခဲ့ကြောင်း သိရသည်။ ယခုလူသတ်မှုနှင့် ပတ်သက် ပြီး ဒလမြို့မရဲစခန်းမှ ရာဇသတ် ကြီးပုဒ်မ-၃၀၂/၄၅၂/၃၂၆ ဖြင့် အမှုဖွင့် စစ်ဆေး နေကြောင်း တာဝန်မှူး ဒုရဲအုပ်စိုးပိုင်က ပြောသည်။


HSL

#Democracytoday


တရားခံသက်သေခံဓားလွတ်ပစ်သည့်နေရာလိုက်ပြစဉ်

ဓာတ်ပုံ - ထက်စိုးလင်း

Subscribe by Email

Follow Updates Articles from This Blog via Email

No Comments

About

Powered by Blogger.