Sunday, September 25, 2016

thumbnail

အမျိုးသမီး ၁ ဦးကို အဓမ္မပြုရန် ကြိုးစားခဲ့သည့် အဝေးသင်ကျောင်း သား ၂ ဦးကို ဖမ်းဆီး

4RF6P.jpg===================================
25..9..16
-
အမျိုးသမီးငယ်တဦးကို လူသူပြတ်နေရာသို့ ခေါ်ဆောင်ပြီး အလိုမတူ အဓမ္မပြုကျင့်ဖို့ ကြိုးစားခဲ့တဲ့ ကလေးတက္ကသိုလ် အဝေးသင်ကျောင်းသား ၂ ဦးကို ကလေးမြို့ ရဲတပ်ဖွဲ့နဲ့အတူ ရပ်ကွက်လူထုတွေ ဝိုင်းဝန်းကူညီမှုနဲ့ ညခြင်း ဖမ်းဆီးမိခဲ့တယ်လို့ ကလေးမြို့ ရဲစခန်း တာဝန်ရှိ ရဲအရာရှိ
တဦးက ပြောပါတယ်။
-
“မှုခင်းဖြစ်တဲ့ နေရာမှာ ကောင်မလေးက အတင်းအော်ဟစ်တော့ အဲဒီ
ဒီနားမှာ ရှိတဲ့ တောရဘုန်းကြီးကျောင်းက သံဃာတော်တွေက ကြားပြီး
 ပြေးအသွား အမျိုးသား တယောက်က ထွက်ပြေးတာ တယောက်က ဝိုင်းဖမ်းတာ မိတာ။ တယောက်က နေအိမ်ထိ လိုက်ဖမ်းရတာ ” လို့ ရဲအရာရှိက ဆက်ပြောပါတယ်။
-
တရားလိုဖြစ်သူဟာ သူငယ်ချင်း အမျိုးသမီးတဦးနဲ့ ကလေးမြို့ စက်မှုဇုန်
ဘက်ကနေ အကြွေးတောင်း ပြန်လာရင်း မရင်းနှီးတဲ့ အမျိုးသား ၃ ဦးက အနောက်ကနေ ဆိုင်ကယ် ၂ စီးနဲ့ လိုက်လာပြီး စနောက်ကြရင်း ဆိုင်အတူ ထိုင်ခဲ့ကြကြောင်း ဆိုင်ထိုင်ပြီး မိနစ် ၂၀ ခန့်အကြာ တရားလိုအမျိုးသမီး
မှာ နောက်ဖေး အပေါ့အပါးသွားစဉ် တရားလိုရဲ့ သူငယ်ချင်းဖြစ်သူ အမျိုးသမီးက ပြန်သွားတဲ့အတွက် သူ့ကိုပါ ပြန်လိုက်ပို့ခိုင်းရာကနေ ကလေးမြို့ တောင်ဖီလာ ဂေါက်ကွင်းဘက် ခေါ်သွားပြီး အခုလို အခင်းဖြစ်ပွားခဲ့တာဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရပါတယ်။
-
အမျိုးသမီးငယ်တဦးကို အလိုမတူ အဓမ္မပြုဖို့ ကြိုးစားခဲ့တဲ့ လူငယ် ၂ ဦးမှာ တမူးမြို့နေ လွန်ခန့်ပေါင်နဲ့ တမူးနယ် ကနန်ရွာနေ ခုတ်လင်မန်တို့ ဖြစ်ပြီး ကလေးတက္ကသိုလ် အဝေးသင် ပထမနှစ်နဲ့ ဒုတိယနှစ်တွေမှာ ပညာ
သင်ကြားမယ့် ကျောင်းသားငယ်တွေ ဖြစ်ပါတယ်။
-
အဆိုပါ ကျောင်းသား ၂ ဦးကို ကလေးမြို့မ ရဲစခန်းကနေ မုဒိမ်းမှုပြုရန် ကြံစည်မှုဆိုင်ရာ ရာဇသတ်ကြီးပုဒ် ၃၇၆/၅၁၁ နဲ့ ကျူးလွန်ခြင်း ရှိမရှိ 
စစ်ဆေး တရားစွဲဆိုနိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရပါတယ်။
=====
DVB

Subscribe by Email

Follow Updates Articles from This Blog via Email

No Comments

About

Powered by Blogger.