Monday, September 19, 2016

thumbnail

ခင်ဦးမြို့နယ်၌ မိမိကိုယ်ကိုမိမိ ဓါး(၁၀)ချက်ထိုး၍ သေကြောင်း ကြံစီမှုတစ်ခုဖြစ်ပွား

mWsv6.jpg***************************************
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ် လက်ပံကုန်း ကျေးရွာ၌ စက်တင်ဘာ(၁၈)ရက်နေ့ (၁၀)နာရီ(၄၅)မိနစ် ခန့်က အမည်မသိလူတစ်ဦးအား မိမိကိုယ်ကိုမိမိ သေကြောင်းကြံစည်မှု တစ်ခု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။ mW7zi.jpgဖြစ်စဉ်မှာ(၁၈.၉.၂၀၁၆)ရက်နေ့ (၁၀)နာရီ(၄၅)မိနစ်ခန့် က ရဲအုပ်သီဟသည် ကုန်းကြီးရဲစခန်းမှူး အဖြစ် တာဝန် ဆောင်ရွက်နေစဉ် ခင်ဦးမြို့နယ် လက်ပံကုန်းကျေးရွာနေ ဦးချစ်အေး မှ အမည်မသိလူတစ်ဦးမှာ မိမိကိုယ်ကိုမိမိ ဓါးနှင့်ထိုး၍ ဒဏ်ရာများ ရရှိနေကြောင်း အကြောင်းကြား သဖြင့် သက်သေများနှင့် အတူ ခင်ဦးမြို့နယ်လက်ပံကုန်း ကျေးရွာ၏ အနောက်မြောက်ဘက်ရှိ တစ်မိုင်ခန့်အကွာ ဦးကျော်အေး၏ ပဲစိမ်းငုံစိုက်ခင်းတွင် မြို့သစ်ကျေးရွာနေ (ဘ)ဦးတင်မြင့် ၏ သား ထွေးမင်းငယ်(၂၁)နှစ်သည် အရိုးအသွား (၁၂) လက်မခန့်ရှိ ဓါးဦးချွန်ဖြင့် မိမိကိုယ် မိမိ ယာဘက်ဝမ်းဗိုက်(၃)ချက် ယာဘက်ရင်အုံ(၂)ချက် ဝဲဘက်ရင်အုံ (၅)ချက် ထိုးသွင်းဒဏ်ရာများဖြင့် ခင်ဦး ပြည်သူ့ဆေးရုံမှ သုခစေတနာ (နားရေးကူညီမှု့) အသင်း ကားဖြင့် သယ်ဆောင်၍ ရွှေဘိုပြည်သူ့ဆေးရုံသို့ ဆေးကုသခံယူလျက် ရှိနေကြောင်း သတင်းရရှိသည်။ mWAin.jpg၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ ခင်ဦးမြို့မစခန်းမှ (ပ)၃၃၁/၂၀၁၆ ရာဇသတ်ကြီး ပုဒ်မ-၃၀၉ ဖြင့် ထွေးမင်းငယ်(၂၁)နှစ်(ဘ)ဦးတင်မြင့် မြို့သစ်ကျေးရွာ ခင်ဦးမြို့နယ် နေသူအား အမှု့ဖွင့် အရေးယူ ဆောင်ရွက် ထားလျက်ရှိကြောင်း သိရသည်။ mWTD8.jpgချစ်စံ(ခင်ဦး)

Subscribe by Email

Follow Updates Articles from This Blog via Email

No Comments

About

Powered by Blogger.