Tuesday, October 25, 2016

thumbnail

အရက်မူးလွန်ပြီး မိမိဆိုင်ကယ်ကို လူခိုးသွားပြီ အထင်နဲ့ လမ်းဘေးမှာ ပြစ်ထားခဲ့တဲ့သူ

အရက်မူးပြီး ဆိုင်ကယ်ထားခဲ့လို့ပါ 

ပိုင်ရှင်လာမယူတာ ၃လပြည့်ပါပြီ 

ပိုင်ရှင်ဟာ အုံနာဘုတ်နှင့်မှတ်ပုံတင်ယူပြီး လာယူပေးဖို့ အသိပေးအပ်ပါတယ်။ မန္တလေးမြို့ စိန်ပန်းအရပ် အကွက် ၃၅၀ ရွာလယ် ဓမ္မာရုံမှာ ဆိုင်ကယ် သိမ်းထားပေးပါတယ်။

လွန်ခဲ့တဲ့ သုံးလလောက်က လူတစ်ယောက် မူးပြီးဆိုင်ကယ် နဲ့ မန္တလေးမြို့ စိန်ပန်းအရပ်ကို ရောက်လာပါတယ် ဆိုင်ကယ်ထားခဲ့ပြီးထွက်သွားတာ ဒီနေ့ထိ ပြန်လာမယူပါဘူး။ ဒါကြောင့် ပိုင်ရှင်ယာ အုံနာဘုတ် နှင့် မှတ်ပုံတင် ယူခဲ့ပြီး စိန်ပန်း ရွာလယ်

ဓမ္မာရုံတွင် လာရောက်ယူနိုင်ကြောင်း အသိပေးအပ်ပါသည်။

ပိုင်ရှင်ဟာ အရက်မူးပြီး သူ့ ဆိုင်ကယ်ထားရစ်ခဲ့တာကို ပျောက်သွားတယ်ထင်နေဟန်တူပါတယ်။

ပိုင်ရှင် သိအောင် Share ပေးကြပါ။

ကျေးဇူးတင်ပါတယ်လို့ Facebook သုံးစွဲသူ တယောက်မှ သူ၏ အကောင့်တွင် တင်ထားခြင်း ဖြစ်ပါသည်။ အော် ဘယ်လိုလူတွေပါလိမ့် ကိုယ့်ဆိုင်ကယ် ကိုယ်တောင် ပြန်လာ မယူနိုင်တော့ဘူးလား မသိတော့ပါဘူး။


MMBREAKINGNEWS

Subscribe by Email

Follow Updates Articles from This Blog via Email

No Comments

About

Powered by Blogger.