"လမ်းကြုံရင် အားပေးခဲ့ကြပါဦး"

မုံရွာဆေးရုံကြီး/ ထ ၂ နားက ရှေးဟောင်းမြန်မာစာပေရေးရာဌာနနားမှာပါ။ 


အိုအောင်မင်းအောင်ပေါင်းဖော်ကြရခြင်းနှင့်အတူ

မောင်တစ်ထမ်းမယ်တစ်ရွက်ရဲ့ အဆိုအတိုင်း

အသက်ထက်ဆုံး ဆိုးတူကောင်းတူ ''ကြုံရာ

ကျဘမ်း လုပ်ကိုင်စားသောက်လာကြတာ''လို့

ဖိနပ်ရောင်းရင်းပြောပြနေတဲ့ အမေကြီးတို့ ဇနီး

မောင်နှံပါ။အဖေကြီးအသက်က ၇၉နဲ့ အမေကြီး

အသက်က၆၈တဲ့လေ။ကျန်းမာနေတုန်းပဲ။


ဆေးရုံdutyသွားရာ အထက(၂)ရဲ့ လမ်းမှာမို့

မနက်ခင်းတိုင်းလိုလိုမှာတွေ့ဖြစ်ပေမယ့် duty ချိန် နောက်ကျမှာစိုးတာမို့ အရင်နေ့တွေက မဝင်

ခဲ့ဖြစ်ပါဘူး။ဒီနေ့တော့ စောလည်းစောနေတာမို့ ဖိနပ်၁ရံလည်း အားပေးရင်း စကားတွေလည်း

ပြောရင်းနဲ့ ဓါတ်ပုံရိုက်ဖို့ခွင့်တောင်းတော့ ရိုက်ပါ

တဲ့။


သမီးက ''ဓါတ်ပုံရိုက်ပီးဘာလုပ်မလဲ သိလား

အမေကြီး''ဆိုတော့ ''အင်တာနက် တင်မလို့လား''တဲ့။ 

ဒါန့ပဲ ''ဟုတ်တယ် သမီးကြော်ငြာပေးမလို့ 

ရလား!ဆိုတော့ ''ရပါတယ် ရိုက်ပါ ကြော်ငြာပေး

တော့လည်း ကောင်းတာပေါ့လေ''တဲ့။အဖေကြီး

ကတော့ ရိုက်ပီးသားဖိနပ်တွေလည်း ရောင်းကူ

နေရင်း ရိုက်လက်စ တွေလည်း ဆက်ရိုက်နေရင်း

ပေါ့လေ။


သမ္မာအာဇီဝကျကျနဲ့ ဘဝကို ရောင့်ရဲကျေနပ်

တင်းတိမ်စွာ တွဲလက်ညီညီဖြစ်ကျော်နေတဲ့

အဖေကြီးအမေကြီးတို့စုံတွဲကို လေးစားချစ်ကြည်

စွာ ကြည့်မိတော့ မျက်နှာလေးတွေကအစ ကြည်

ကြည်လင်လင်နဲ့။


ကျမလည်း ဝယ်ဖို့အရမ်းကြီး

မလိုသေးဘူးဆိုပေမယ့် စိတ်ထဲမှာ အားပေးချင်

တာနဲ့ ဖိနပ်၁ရံဝယ်ယူအားပေးဖြစ်ခဲ့ပါတယ်။

သူငယ်ချင်းတို့လည်း အသုံးလိုခဲ့မယ်ဆိုရင်

ဝယ်ရမှာခြင်းအတူတူ ဒီ အဖေကြီးအမေကြီးဆီ

က ဝယ်ယူအားပေးရင် သက်ကြီးရွယ်အိုတို့

အတွက် ၁ဖက်၁လမ်းက အထောက်အကူဖြစ်

တာမို့ သွယ်ဝိုက်သောနည်းအားဖြင့် ကုသိုလ်ရ

စေနိုင်မှာပါလို့။


Credit - Ayemya Thinzar 

MMBREAKINGNEWS

0 comments so far,add yours