Thursday, October 27, 2016

thumbnail

တောင်းရမ်းစားသောက်ရပေမဲ့ စာကြိုးစားတဲ့ ကောင်မလေး

======================================


အသက် ၆ နှစ်အရွယ် တရုတ်ကလေးငယ်တစ်ဦးရဲ့ စာကြိုးစားပုံတွေဟာ မြင်ရသူတွေအတွက် သနားကရုဏာသက်စရာ ဖြစ်လာခဲ့ပါတယ်။ သူမဟာ လမ်းဘေးမှာ ဖခင်နဲ့အတူ တောင်းရမ်းနေသူလေးတစ်ဦးဖြစ်ပြီး တောင်းရမ်းနေစဉ်မှာတောင် စာလုပ်နေခဲ့တာပါ။


တရုတ်နိုင်ငံမြောက်ပိုင်း ရှန်ဒေါင်းပြည်နယ်၊ လင်းယီမြို့က လမ်းပေါ်မှာ ဂွမ်းစောင်အနွမ်းလေးကိုခြုံကာ စားပွဲငယ်လေးနဲ့ စာလုပ်နေရှာတဲ့ ကလေးမလေးကို ဖြတ်သွားဖြတ်လာတွေက သတိပြုသွားမိခဲ့ပါတယ်။ ဆောင်းဝင်စပြုနေပြီမို့ အေးစက်တဲ့လေအေးတွေကို အံတုကာ ကလေးငယ်လေးဟာ ကျောင်းအိမ်စာကိုကြိုးစားလုပ်နေခဲ့တာတွေ့ရပါတယ်။


ကလေးငယ်ဟာ ကျောင်းတက်နေတာဖြစ်ပြီး ကျောင်းပိတ်ရက်တွေမှာတော့ ဖခင်နဲ့အတူ လမ်းဘေးမှာ တောင်းရမ်းရပါတယ်။ သူမရဲ့ဖခင်ကတော့ နေထိုင်စားသောက်ဖို့ တခြားနည်းလမ်းမရှိတာကြောင့် ခုလိုပဲ တောင်းရမ်းနေရပါတယ်လို့ ဆိုပါတယ်။


Source : People Daily China


============


Duwun

Subscribe by Email

Follow Updates Articles from This Blog via Email

No Comments

About

Powered by Blogger.