Friday, October 14, 2016

thumbnail

ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်တွင် တပ်မတော်က စစ်​ဆင်​​ရေး ဆောင်ရွက်

စစ်​​တွေ၊ အောက်တိုဘာ ၁၄

အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်​​ပေါ်ခဲ့သည့်​ ရခိုင်ပြည်နယ် ​မောင်​​တော၊ ဘူးသီး​တောင်​နှင့်​ ရ​သေ့​​တောင်​မြိုနယ်​ သုံးမြို့နယ်​ကို တည်ငြိမ် အေးချမ်းရေးနှင့် တရား ဥပဒေ စိုးမိုးရေးအတွက် တပ်မတော်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက စစ်ဆင်ရေး ​ဆောင်​ရွက်​လျက်​ရှိ​ကြောင်း ပြည်​​ထောင်​စု ဝန်​ကြီးများက ​ ပြောကြားသည်​။

ဒေါက်​တာ​ဖေမြင့်​ ဦးဆောင်​သည့် ပြည်​​ထောင်​စု အစိုးရအဖွဲ့သည်​ စစ်​​တွေမြို့ရှိ နိုင်​ငံ​ရေး ပါတီများ၊ လူမှုရေး အဖွဲ့အစည်းများ မီဒီယာများနှင့်​ ယ​နေ့ ​(အောက်​တိုဘာလ ၁၄ ရက်​​)တွင်​ ရခိုင်​ပြည်​နယ်​ အစိုးရရုံး အစည်းအ​ဝေး ခန်းမတွင်​ ​တွေ့ဆုံခဲ့စဉ်​ ​ပြောကြားခဲ့ခြင်းဖြစ်​သည်​။

တပ်​မ​တော်​နှင့်​ လုံခြုံ​ရေး အဖွဲ့ဝင်​များက ရခိုင်​ပြည်​နယ်​ လုံခြုံ​ရေးအတွက်​ အင်​အား အပြည့်​ဖြင့်​ ​​ဆောင်ရွက်​လျက်​ ရှိပြီး၊ ပြည်​သူများ အ​နေဖြင့်​ စိုးရိမ်​မှုများ မလွန်​ကဲရန်​နှင့်​​ ကောလဟာလ သတင်းများကို မယုံကြည်​ကြရန်​ ပြည်​​ထောင်​စု ဝန်​ကြီး ​ဒေါက်​တာ​ဖေမြင့်​က ပြောကြားသည်​။

ပြည်​သူများ အ​နေနှင့် အ​ကြောင်းတစ်စုံတစ်ရာ ထူးခြားမှုများ၊ အကြမ်းဖက်​လုပ်​ရပ်​ သတင်းထူးများနှင့် အကူအညီ လိုအပ်​မှုများရှိပါက ရခိုင်​ပြည်​နယ်​ အစိုးရအဖွဲ့ သတင်းပြန်​ကြား​ရေး​ ကော်​မတီအဖွဲ့ရုံး 09421028826, 09456967472 နှင့်​ ​ ရခိုင်​ပြည်​နယ်​ အစိုးရအဖွဲ့ လူမှု​ရေးဝန်​ကြီး ဒေါက်​တာချမ်းသာ 09459006009 တို့ထံ တိုက်​ရိုက်​ ဆက်​သွယ်​နိုင်​​ကြောင်း ရခိုင်​ပြည်​နယ်​ အစိုးရအဖွဲ့မှ ထုတ်​ပြန်​​ကြေညာသည်​။

The Voice

Subscribe by Email

Follow Updates Articles from This Blog via Email

No Comments

About

Powered by Blogger.