စစ်တွေမြို့ဆင်ကူးလမ်းရပ်ကွက်ရှိ သစ္စာအောင်ဘုန်းတော်ကြီးကျောင်းတိုက်ဆရာတော် ဦးပညာပါလ သက်တော် ၆၈ ဝါတော် ၁၆ ဝါ မရမာကြီးဆရာတော်အား ယနေ့ နံနက် ၂ နာရီချိန်တွင် လူ ၃ ဦးမှလက်သီးဖြင့်ထိုး နောက်ကျောအားဓားဖြင့်တစ်ချက်ထိုး၍ လက်အားသင်္ကန်းဖြင့်နောက်ပြန်ချည်ကာ ပါးစပ်အတွင်းအသံမထွက်နိုင်စေရန် သင်္ကန်းအဝတ်စများထိုးထည့်၍ အဆောင်အတွင်းရှိ သေတ္တာအတွင်းမှ မောင်တောမြို့ရှိဒုက္ခသည်များအားထောက်ပံ့ရန်အလှူခံရရှိထားသော ငွေကျပ် ၂၈သိန်း အားယူဆောင်သွားခဲ့ပြီး

ဆရာတော်မှာ စစ်တွေဆေးရုံကြီး၌တက်ရောက်ဆေးကုသနေရကြောင်းနှင့်အမှုအား စစ်တွေမြို့အမှတ် ၂ ရဲစခန်းမှ(ပ)၉၅ /၂၀၁၆ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၉၇ ဖြင့်အမှုဖွင့်ကာတရားခံဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း...

.


Mhwe Chay

MMBREAKINGNEWS

0 comments so far,add yours