=============================

၂၈..၁၀..၁၆

-

ချင်းတွင်းမြစ်အတွင်း နစ်မြုပ်ခဲ့သည့် အောင်စိုးမိုးကျော် ရေယာဉ်မောင်းသူ ဇော်မျိုးဝင်းသည် စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးတွင် (အောက်တို

ဘာလ၂၈ရက်) နံနက် ၁၀နာရီခွဲ၌ လာရောက်အဖမ်းခံခဲ့ကြောင်း တိုင်းဒေသ

ကြီးရဲတပ်ဖွဲ့ရုံးမှ ရဲအရာရှိတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။

-

'ရေယာဉ်မောင်းသူ ကနံနက် ၁၀နာရီခွဲအချိန်မှာ လာအဖမ်းခံတယ်။ ကနီမြို့နယ်မှာ အမှုဖွင့်ထားတာဖြစ်တဲ့အတွက် ယင်းမာပင်ခရိုင်ရဲတပ်ဖွဲ့မှူးထံ နံနက် ၁၁နာရီမှာ လွှဲပြောင်းပေးခဲ့တယ်'ဟု အဆိုပါရဲအရာရှိက ပြောသည်။

-

ကနီမြို့နယ်၊ မိကျောင်းတွင်းကျေးရွာအနီးရှိ ချင်တွင်းမြစ်တွင်းတွင်အောက်တို

ဘာလ ၁၅ရက် နံနက်၅နာရီက အောင်စိုးမိုးကျော်ရေယာဉ် တိမ်းမှောက်

ခဲ့သဖြင့် ခရီးသည် ၁၅၉ ဦး ကယ်တင်နိုင်ခဲ့ပြီး ခရီးသည်၇၃ ဦးသေဆုံး

ခဲ့ကြောင်းတိုင်းဒေသကြီး အစိုးရရုံးမှ သတင်းရရှိပါသည်။

-

ရေယာဉ်နစ်မြုပ်သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ ရေယာဉ်မောင်းသူ ကနီမြို့နယ် ချိုင်ကျေးရွာနေထိုင်သည့် အသက်၄၀နှစ်အရွယ် ဇော်မျိုးဝင်းအား ကနီမြို့နယ် မြို့မရဲစခန်းတွင် (ပ)၁၅၄/၂၀၁၆ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၀/၃၀၄-က အရ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

==========

7Day News Journal

0 comments so far,add yours