===============================

===============================


ရန်ကုန်တိုင်းဒေသကြီး နေရာအနှံ့အပြားတွင် ယနေ့ (အောက်တိုဘာ ၂၆ ရက်) ည ၁၀ နာရီကျော်ခန့်က ရုတ်တရတ် လျှပ်စီးများလက်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းများ တိုက်ခတ်ခြင်းများ ဖြစ်ပွားလျက်ရှိသည်။ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ အားကောင်းလာသော မုန်တိုင်းငယ်သည် မြန်မာ့ ကမ်းရိုးတန်းသို့ ဦးတည်လာခြင်း မရှိတော့သည့်အတွက် အဝါရောင်အဆင့် သတ်မှတ်ပြီးနောက် ယခုကဲ့သို့ ရုတ်တရတ် လျှပ်စီးများလက်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းများ တိုက်ခတ်ခြင်းများ ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် ရန်ကုန်မြို့၌ လျှပ်စီးများလက်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းများ တိုက်ခတ်ခြင်းများကြောင့် လျှပ်စစ်မီးများ ပြတ်တောက်လျက်ရှိကြောင်း သိရသည်။


မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က ယနေ့ည ၈ နာရီ ၂၃ မိနစ် အချိန်ခန့်က ၎င်း၏ Facebook စာမျက်နှာတွင် “ထိုင်းပင်လယ်ကွေ့အတွင်းမှ အရှေ့လေပွေလှိုင်းတစ်ခုဟာ မြန်မာနိုင်ငံ ရခိုင်ကမ်းလွန်ဒေသကို ဦးတည်ကာစတင်ရွေ့လျှားလာနေပြီဖြစ်ပါတယ်။ အဆိုပါလေပွေလှိုင်းဟာ အနောက်မြောက်ဖက်အရပ်ကို ဦးတည်ရွေ့လျှားရာတွင် တနင်္သာရီတိုင်း၊ မြစ်ဝကျွန်းပေါ် နဲ့ ရခိုင်ပြည်နယ်တို့ကို ဖြတ်သန်းသွားပြီနးနောက် ဘင်္ဂလားပင်လယ်အော်အရှေ့ မြောက်ပိုင်းရှိ ရခိုင်ကမ်းလွန်ဒေသသို့ ရောက်သောအခါ အားပြန်ပျိုးသွားပြီ မုန်တိုင်းငယ်တစ်လုံး ဖြစ်လာနိုင်ပါတယ်” ဟု ရေးသားထားပါသည်။


==================


Eleven Media Group

0 comments so far,add yours