Monday, October 31, 2016

thumbnail

ခွဲစိတ်ပြု ပြင်ရာက အပေါ်နှုတ်ခမ်း ပျက်စီးသွားသူက ခွဲစိတ်ဆရာဝန် ကို တရားစွဲ

---------------------

၃၁-၁၀-၂၀၁၆ 


ထိုင်းနိုင်ငံ ချွန်ဘူရီ Banglamung မြို့ နယ် အတွင်းက နိုက်ကလပ် (ကျော်ဖီ ဆိုင်)ပိုင်ရှင်"၀ိဒါလာ" (အသက်၂၂) နှစ်ဟာ အွန်လိုင်း ဖေ့ဘုတ်ကြော်ငြာ ကနေ သိခဲ့တဲ့ မျက်နှာခွဲစိတ်အလှပြင် ဆေးခန်းကို ဆက်သွယ်ခဲ့ပြီး သူမနှုတ်ခမ်း ခွဲစိတ်ဘို့ ကို ထိုင်းဘတ်ငွေ ကျပ်ငွေ ငါးသိန်းကျော် (၁၅၀၀၀)ပေးပြီး အဆိုပါ( surgery Clinic) ဆေးခန်းက ခွဲစိတ် ဆရာဝန် Dr. Piya Pong.ပီရာဖုန်း က တာဝန်ယူခွဲစိတ် ပေးခဲ့ ပါတယ်။


ခွဲစိတ်အပြီး နှုတ်ခမ်းဟာ အကောင်းအတိုင်း ဖြစ်မလာ တော့ဘဲ ပိုးဝင်တာ- သွေးယိုကျတာတွေ ယောင်ရမ်း လာတာကြောင့်(၇)ကြိမ်ထက် မနည်း ပြုပြင် ခဲ့ရပြီး မူလအတိုင်းပြန်မဖြစ်တော့ဘဲ နှုတ်ခမ်းရွဲ့ စောင်းသွားခဲ့ လို့ ဆေးခန်းကလက်လျော့ လိုက်ပါတယ်၊


သူမရဲ့  နှုတ်ခမ်း ကို တောင်ကိုရီးယား နိုင်ငံမှာ ထပ်မံ ပြုပြင် ပေးမယ်၊ ကုန်ကျတဲ့ စရိတ်တွေကိုဆေးခန်းကနေ တာဝန်ယူပေးမယ်လို့  သဘော တူခဲ့ပါတယ်။


နောက်ပိုင်းမှာ ဆေးခန်းတာဝန်ရှိသူတွေက သူမ လုံးဝ အဆက်အသွယ် မလုပ်တော့တဲ့ ပြင် တောင်ကိုရီးယား မှာ ဆေးကုပေးဘို့ ကိုလည်း ငြင်းဆန်ခဲ့တာကြောင့် ရဲစခန်း မှာ အမှုဖွင့်တိုင်ကြားခဲ့ရတာပါလို့  နှုတ်ခမ်း ပျက်ဆီး သွားသူ ၀ိဒါလာ က ပြောပါတယ်။


(SAW)

MMBREAKINGNEWS

Subscribe by Email

Follow Updates Articles from This Blog via Email

No Comments

About

Powered by Blogger.