Tuesday, October 25, 2016

thumbnail

သူမကို ဖွေးစိန်လို့ ခေါ်တာနှင့်ပတ်သက်ပြီး ဖွေးဖွေးပြောပြီ....

မြန်မာတို့ရဲ့ ချစ်စဖွယ်ဓလေ့ အရ မိမိနှင့် ရင်းနှီးတဲ့သူ၊ မိမိစချင်တဲ့သူတွေကို ချစ်စနိုးနှင့် 'စိန်' ဆိုတဲ့ စကားလုံးတပ်ပြီး ခေါ်ကြပါတယ်။ နာမည်ကလေးက ချစ်ဖို့ကောင်းသော်လည်း ခေါ်ခံရတဲ့ သူတွေအတွက်တော့ မသက်သာလှပါ။ ဖွေးဖွေး ကို သူမ fans တွေက 'ဖွေးစိန်' လို့ခေါ်တာနှင့်ပတ်သက်ပြီး ဖွေးဖွေးကတော့ ယခုလိုပြောလိုက်ပါတယ်။

သရုပ်ဆောင် ဖွေးဖွေးဟာ သူမရဲ့ချစ်စရာအပြုအမူလေးတွေနှင့်အတူ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေနှင့် ပရိသတ်တွေကို အမြဲဖမ်းစားနိုင်တဲ့သူတစ်ယောက်ပါ။ ပရိသတ်တွေ အနေနှင့် သူမကို ဆထက်တပိုး အချစ်တွေ အမြဲတိုးပွားလာတဲ့ အတွက် ခပ်ပျော်ပျော်နေတတ်တဲ့ ဖွေးဖွေးကို စနောက်ပြီး 'ဖွေးစိန်' လို့ခေါ်ကြပါတယ်။

ဖွေးဖွေးကတော့ သူမကို ယခုလိုသူမပရိသတ်တွေခေါ်တာကို အရမ်းနှစ်သက်ကြောင်း၊ သူမ အချစ်ဆုံ အဘိုးနာမည်ကလည်း ဦးထွန်းစိန်ဖြစ်တဲ့အတွက် အဖိုးနှင့်နာမည်တူတဲ့အတွက် အဘိုးလည်း ဂုဏ်ယူနေမှာဖြစ်ကြောင်း သူမရဲ့ ပရိသတ်တွေကိုပြောကြားခဲ့ပါတယ်။ ဖွေးဖွေးကို အမြဲအားပေးနေတဲ့ သူမရဲ့ ပရိသတ်တွေကလယခုလိုမျိုးပြောထားကြပါတယ်။

MMBREAKINGNEWS

Subscribe by Email

Follow Updates Articles from This Blog via Email

No Comments

About

Powered by Blogger.