Saturday, October 22, 2016

thumbnail

ကွာရှင်းရတဲ့ အကြောင်းအရင်း ဝိုင်းစုခိုင်သိန်းကိုယ်တိုင်ပြောပြီ.....

ဒီနေ့ အတွက် နာမည်အကြီးဆုံးသတင်းဖြစ်တဲ့ ကောလဟာလတွေ နှင့်အတူ ဝိုင်းစုခိုင်သိန်း ကွာရှင်းရတဲ့သတင်းရဲ့ အဖြေကို ဝိုင်းစုခိုင်သိန်းကိုယ်တိုင်ပြောကြားခဲ့ပြီး သူမရဲ့ ပရိသတ်တွေရဲ့ တုန့်ပြန်ချက်များ....

ဝိုင်းစုခိုင်သိန်းဟာ သူမရဲ့ 'ဂါ' သီချင်းခွေ ကို လှည်းတန်း စင်တာမှာရောင်းချနေပြီး ကိုယ်တိုင်လည်းဖျော်ဖြေရေးတွေ ပြုလုပ်နေပါတယ်။ သူမရဲ့ အိမ်ထောင်ရေးနှင့်ပတ်သက်ပြီးမေးမြန်းလိုက်တဲ့ အခါမှာတော့ စိတ်သဘောထားခြင်းမတိုက်ဆိုင်လို့ကွာရှင်းလိုက်တာပါလို့ပြောကြားခဲ့ပြီး ပရိသတ်တွေကိုလည်း သူမတို့ ဘယ်နေ့ ဘယ်ချိန်က ကွာရှင်းလိုက်တယ်ဆိုတာကို သိစေချင်လို့ အတိအလင်းကြေငြာချက်ထည့်ခဲ့တာပါလို့ဆိုပါတယ်။

သူမအနေနှင့် လက်ရှိထွက်နေတဲ့ သတင်းတွေကို တော့ ကောလဟာလတွေလို့ ပြောသွားခဲ့ပြီးဂသူမ အခွေ အသစ်ထွက်ခါနီးတိုင်း ယခုလိုသတင်းမျိုးထွက်နေကြပါဘဲလို့ ဆိုခဲ့ပါတယ်။ သူမအနေနှင့်ကတော့ သိသင့်သိထိုက်တာတွေကို အစဉ်အမြဲ ပရိသတ်တွေကို အသိပေးသွားမှာပါလို့ ဆိုခဲ့ပါတယ်။

ပရိသတ်တွေအနေနှင့်ကလည်း သူမကို ယခုလိုပြန်တုန့်ပြန်ခဲ့ကြပါတယ်။

ဘာပဲဖြစ်ဖြစ် ဝိုင်းစုရဲ့ သီချင်းအသစ်တွေကို နားဆင့်နေရအောင်နော်.....

Source: Myanmarcelebrities

Subscribe by Email

Follow Updates Articles from This Blog via Email

No Comments

About

Powered by Blogger.