===============
၂၅ ရက်နေ့မနက် ၂ နာရီလောက်က ဝင်းတံခါးကိုဖျက်ပြီး Click ဆိုင်ကယ် ၂ စီးကိုခိုးသွားပါတယ်

Solex သော့ကိုဖွင့်တာကျွမ်းကျင်ပါတယ်

ကျွန်တော်တို့အိမ်ဆို ချောင်ကျတဲ့နေရာတော့မဟုတ်ပါဘူး
မြို့တော်ခန်းမနဲ့ ကပ်ရက်လေ

ပြန်ထွက်သွားတဲ့အချိန်မှာလဲ မျက်နှာချင်းဆိုင်က မြို့တော်ခန်းမရုံးရဲ့မီးရောင်အောက်မှာ သော့ကိုအေးအေးဆေးဆေးသွားဖျက်နေကြတာပါ

ဒီနေရာမှာ ကျွန်တော်မမွေးခင်ကထဲကနေလာတာလို့ပြောလို့ရတယ်
ဒီအသက်အရွယ်အထိ တစ်ခါမှမကြုံဖူးဘူး

ဘယ်သူ့ကိုမှအပြစ်မတင်လိုတော့ပါဘူး
ကိုယ့်ကံမကောင်းတာလို့ဘဲမှတ်ပါတယ်

==================#==================

မန္တလေးမြို့ကလူတွေ သတိထားကြပါ

ကိုယ့် အိမ်လုံခြုံရေး ကိုယ့်ဟာကိုဂရုစိုက်ကြပါ

၁. ကိုက်တတ်တဲ့ ခွေးမွေးထားပါ

၂. CCTV ကိုအမျိုးအစားကောင်းတာတပ်ထားပါ

၃. မိသားစုဝင်တိုင်း တစ်ယောက်တစ်လှည့် ညမအိပ်ဘဲအလှည့်ကျကင်းစောင့်အိပ်ကြပါ

၎. အိမ်ထဲမှာ တုတ်/ ဓားလက်နက်ဆောင်ထားခွင့်မရှိပါ

၅. အိမ်အနီးနားဝန်းကျင်မှာမသင်္ကာစရာတစ်ခုခုတွေ့ပါက ရဲစခန်းကိုအကြောင်းကြားပါ
( လာတာ မလာတာသူတို့အပိုင်းပေါ့လေ) ������

၆. အိမ်မှာရှိတဲ့ယောင်္ကျားလေးတိုင်းအရွယ်ရောက်တာနဲ့သိုင်း / ကရာတေး ကိုယ်ခံပညာတစ်ခုခုကို ခါးပါတ်နက်အဆင့်လောက်အထိအနဲဆုံးရောက်အောင်သင်ထားကြပါ

၇. အကယ်၍မိခဲ့ရင် ဘာမှမလုပ်ဘဲ ရဲစခန်းကိုအမြန်ဆုံးအကြောင်းကြားပါ
(အဲ့ဒီအချိန်ပါလာတဲ့လက်နက်နဲ့ထိုးသွားလဲအသေခံလိုက်ကြပါ)

#ကျွန်တော်တို့နေခဲ့တဲ့မန္တလေးမြို့ကြီးမလုံခြုံတော့ပါ 

ဟိုနေ့က friend only မို့ share လို့မရတဲ့လူတွေ share  နိုင်ပါတယ်

သဗ္ဗေသတ္တာ ကမ္မသကာ ဟူ၍ လူမှုကွန်ယက်ပေါ်သို့ Thet Khaine Soe အကောင့်ပိုင်ရှင်မှ တင်ထားပါသည်။

AML
MMBREAKINGNEWS

0 comments so far,add yours