Monday, October 24, 2016

thumbnail

သမီးအရင်းကို အကြိမ်ပေါင်းများစွာ အဓမ္မပြုကျင့်ခဲ့သူ ထောင်ဒဏ်(၁၅၀၃)နှစ် ချမှတ်ခံရ

ကိလေသာလွန်ကျူးပြီး သမီးအရင်းကိုတောင် သမီးလို့မမြင်နိုင်လောက်အောင် ထပ်ခါထပ်ခါ အဓမ္မမှုတွေ ကျူးလွန်ခဲ့တဲ့ Rene Lopez အမည်ရ အသက် 41 နှစ်အရွယ် အမျိုးသားကို ကမ္ဘာမှာတောင် ကြားရခဲတဲ့ နှစ်ရှည်ထောင်ဒဏ် Fresno Superior Court တရားရုံးက ချမှတ်ခဲ့ပါတယ်။

ဒီအဖြစ်အပျက်ဟာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်က Fresno မြို့မှာဖြစ်ပွားခဲ့တာပါ။ အဓမ္မကျင့်ခံရတဲ့ သမီးလေးဟာ ဆယ်ကျော်သက်အရွယ်သာရှိသေးပြီး၊ ဒီလိုအခြေအနေအမျိုးမှာ မညှာမတာ ပြုရက်တဲ့ ဖခင် Lopez ရဲ့ လုပ်
ရပ်ဟာ တရားသူကြီးတွေနဲ့ အစိုးရ ရှေ့နေအတွက် အလွန်ဒေါသထွက်စရာ အပြုအမူဖြစ်ခဲ့ပါတယ်။

Lopez ဟာ နှစ်အတွင်းမှာ သမီးအရင်းအပေါ်ကို အဓမ္မမှု 186 ကြိမ် ကျူးလွန်ခဲ့တယ်လို့ တရားရုံးမှာ ထွက်ဆိုခဲ့ပြီး အခြား အသေးအဖွဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုက ဒါဇင်နဲ့ချီကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီပြစ်မှုကို ပြီးခဲ့တဲ့ စက်တင်ဘာလကမှ ခြေရာခံမိခဲ့တာ ဖြစ်ပြီး အစိုးရရှေ့နေနဲ့ ရဲတပ်ဖွဲ့က ပူးပေါင်းကာ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

အမှန်တကယ်တော့ အဓမ္မကျင့်ခံရတဲ့ ကာယကံရှင်ကောင်မလေးဟာ Lopez ရဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ အဓမ္မကျင့်မှုကို ပထမဆုံးအကြိမ် ခံခဲ့ရတာဖြစ်ပြီး၊ ဒါကို အကာအကွယ်မပေးဘဲ ဖခင်ဖြစ်သူ Lopez က နောက်ပိုင်းမှာ ရက်စက်ယုတ်
မာတဲ့ မုဒိန်းမှုတွေကို လူမဆန်စွာ ဖခင်မပီသစွာ ကျူးလွန်ခဲ့တယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။

Fresno Superior Court တရားရုံးရဲ့ တရားသူကြီး Edward Sarkisian က Lopez ဟာ လူမှုအသိုင်းဝန်းတစ်ခုအတွက် သမီးအရင်းကိုတောင် ထောက်ထားညှာတာရမှန်းမသိတဲ့ အလွန်အန္တရာယ်ရှိတဲ့ ရာဇ၀တ်သားဖြစ်တယ်လို့ ဆုံးဖြတ်ကာ ၎င်းတရားရုံးသမိုင်းမှာ တစ်ခါမှ ချမှတ်ဖူးခြင်းမရှိတဲ့ နှစ်ရှည်ထောင်ဒဏ်ကို ချမှတ်ခဲ့ပါတယ်။ တရားခံ Lopez ချမှတ်ခံခဲ့ရတဲ့ ထောင်ဒဏ်ကတော့ နှစ်ပေါင်း (1503)နှစ် ဖြစ်ပါတယ်။

Shwe Mom

Subscribe by Email

Follow Updates Articles from This Blog via Email

No Comments

About

Powered by Blogger.