Monday, October 31, 2016

thumbnail

ကျောင်းအုပ်ဆရာတစ်ဦးဆီကနေ စိတ်ကြွမူးယစ်ဆေးဝါးတွေ ဖမ်းဆီး

===================

==================


ကျောက်မဲမြို့နယ်က နမ့်ဟူးတောင်းရွာမကျေးရွာ မူလတန်းလွန်ကျောင်းအုပ်ဆရာတစ်ဦးဆီကနေ မူးယစ်ဆေးဝါးတွေနဲ့ မူးယစ်ဆေးဝါးသုံးတဲ့ပစ္စည်းတွေကို အောက်တိုဘာလ ၂၉ ရက်နေ့ ညနေပိုင်းကဖမ်းမိခဲ့ပြီး ကျောက်မဲမြို့မရဲစခန်းက (ပ)၆၂/၂ဝ၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၉ (က)/၂၁ နဲ့ စစ်ဆေးနေတယ်လို့ သိရပါတယ်။


“မူးယစ်ဆေးသုံးနေတယ် သတင်းကြားလို့ ဝင်စစ်ဆေးခဲ့တာပါ၊ ကျောင်းအုပ်ကြီး ရုံးခန်းထဲကနေ မူးယစ်ဆေးတွေ၊ ဆေးသုံးတဲ့ ပစ္စည်းတွေနဲ့အတူ တွေ့ရှိခဲ့ပြီး ဖမ်းခဲ့တာပါ”လို့ ကျောက်မဲမြို့နယ်ရဲစခန်း တာဝန်ကျ အရာရှိတစ်ဦးက ပြောပါတယ်။


ကျောင်းအုပ်ဆရာ ဦးစောနိုင်ဦးရဲ့ ရုံးခန်းထဲကနေ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ကျောင်းအုပ်ဆရာနဲ့အတူ မူးယစ်ဆေးဝါးတွေ လာရောက်ရောင်းချတယ်လို့ ယူဆရသူ နှစ်ဦးကိုလည်း ဖမ်းဆီးထားကာ ရုံးခန်းထဲကနေ စိတ်ကြွဆေး ၃၅ ပြားနဲ့ မူးယစ်ဆေးဝါးသုံးတဲ့ ဆက်စပ်ပစ္စည်းတွေကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။


Source : The Vioce

Photos : Lashio Media


============


Duwun

Subscribe by Email

Follow Updates Articles from This Blog via Email

No Comments

About

Powered by Blogger.