မင်္ဂလာဒုံလေကြောင်းဦးစီးအိမ်ယာနေဒေါ်ဝါဝါနိုင်မှာသမီး

ဖြစ်သူနှင့်အတူ ၂၄ ၁၀ ၂၀၁၆ ရက်နေ့ နံနက် ၁၀နာရီ၁၅အချိန်ခန့်လေဆိပ်လမ်းအတိုင်းအသံလွင့်ရုံလမ်း

ဖက်မှဈေးဝယ်ရန်၎င်း၏ပိုက်ဆံအိပ်အားချိုင်းကြားညှပ်၍

လမ်းလျှောက်လာစဉ် 


CKစတိုးဆိုင်ရှေ့အရောက်တွင် BO

BO 125 ဆိုင်ကယ်ဖြင့်လူငယ် ၃ ဦးမှတိုက်မိမလိုလုပ်၍

ဒေါ်ဝါဝါနိုင်၏ပိုက်ဆံအိတ်အားလုယူမောင်းနှင်ထွက်ပြေး

သွားသဖြင့်အော်ဟစ်အကူအညီတောင်းခံခဲ့ရာ


 ဒလခလမ်း

ဆုံတာဝန်ကျ ယာဉ်ထိန်းရဲတပ်ကြပ်မြတ်ဖုန်းအေးမှပိတ်

ဆို့ဖမ်းဆီးရန်ကြိုးစားသော်လည်းမမီသဖြင့်လေဆိပ်အ

ဆောက်အဦးသစ်ရှေ့တွင်တာဝန်ထမ်းဆောင်နေသော

တပ်ဖွဲ့စုမှူးဦးစီးအဖွဲ့ထံစကားပြောစက်ဖြင့်အကြောင်း

ကြားခဲ့ပါသည်။


   တပ်ဖွဲ့စုမှူးမှယာဉ်ထိန်းရဲတပ်ကြပ်ကြီးသန်းဝင်းနှင့်တပ်

ကြပ်နေဝင်းစိုးတို့အားပျံလွှားမီးတန်းယာဉ်ဖြင့်လိုက်လံ

ပိတ်ဆို့ဖမ်းဆီးစေခဲ့ရာလေ

ကြောင်းဦးစီးရုံးရှေ့လေဆ်ပ်လမ်းပေါ်တွင်ကိုမြတ်(ဘ)ဦး

ထွန်းလှိုင် လှိုင်သာယာနေသူနှင့်အောင်ထွေး(ဘ)ဦးမြင့်

သိန်း လှိုင်သာယာနေသူတို့အား၎င်းတို့အသုံးပြုခဲ့သော

ဆိုင်ကယ် လုယူခဲ့သောပိုက်ဆံအိတ်တို့နှင့်အတူဖမ်းဆီးရ

မိခဲ့ပြီးစည်သူဆိုသူမှာထွက်ပြေးသွားသဖြင့်လိုက်လံဖမ်း

ဆီးလျှက်ရှိပါသည်။


     ဒေါ်ဝါဝါနိုင်၏ပိုက်ဆံအိတ်အတွင်းငွေစက္ကူရောရာ

၅၉၉၀၀ ပါရှိခဲ့ပြီးတရားခံများအားမင်္ဂလာဒုံရဲစခန်းတွင်အ

မှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိပါသည်။


Kyaw Myo Myint

အရည်ကြို

0 comments so far,add yours