------------------------

၂၇/၁၀/၂၀၁၆

ကိုချမ်နယ်မြေ - ထိုင်းနိင်ငံ


မြန်မာအချင်းချင်း ပြည်ပမှာ မကူညီပဲ အိမ်ထောင်ရှိသော

မြန်မာမိန်းကလေးကို အတင်းအဓမ္မစော်ကားဖျက်ဆီးခဲ့

သော တရားခံကို AAC အဖွဲ့သားများ နှင့် နယ်မြေခံဒုစရိုတ်နှိမ်နင်းရေး ထိုင်းရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဖမ်းဆီးနိင်ခဲ့ပါသည်။


ရော်ဘာတောထဲမှာ တစ်နေကုန်စောင့်ပြီး တရားခံရဲ့ လှုပ်ရှားသွားလာမှုအခြေအနေကို ထိုင်းရဲတပ်ဖွဲ့များက ကင်းပုန်းဝပ် အကဲခတ်၍ ခက်ခက်ခဲခဲဖမ်းဆီးနိင်ခဲ့ခြင်း ဖြစ်သည်။


၂၅.၁၀.၂၀၁၆ ရက် ည ၈ နာရီခွဲခန့် လင်ယောကျာင်္း အမျိုးသား မရှိသောအချိန်တွင် ပိုင်နက်ကျုးလွန်၍ အလိုမတူပဲအသက် (၂၀) အရွယ် အိမ်ထောင်ရှိ မိန်းကလေးတစ်ဦးကို အသက်(၂၇) နှစ်အရွယ် မင်းသိန်းဦး မှ မိမိမှာလည်း အိမ်ထောင်ရှိပါရဲ့ နဲ့ သူများသားမယားကို အတင်းအဓမ္မ အနိင်ကျင့် စော်ကားခဲ့ခြင်း ဖြစ်သည်။


အခင်းဖြစ်ပွားခဲ့သည့် နေရာကတော့

ချွန်ဘူရီခရိုင် ချာချင်ဆောင်အနီး ကော့ကျမ်နယ်မြေ

ကိုချမ်ရော်ဘာခြံများထဲမှ ရော်ဘာခြံတစ်ခုမှာ ဖြစ်ပြီး

၂၇.၁၀.၂၀၁၆ ည ၈ နာရီကျော်တွင် နယ်မြေခံထိုင်းရဲများ

နှင့် ထိုင်းအခြေစိုက် (SCPM &AAC) မဟာမိတ် အဖွဲ့တို့မှ ပူးပေါင်းဖမ်းဆီးနိင်ခဲ့ခြင်းဖြစ်ပါသည်။


ပြည်ပမှာမြန်မာပြည်သားအချင်းချင်း အခက်အခဲ

ဖြစ်နေချိန် အကူအညီမပေးပဲ အနိုင်ကျင့်စော်ကားပြီး

အဓမ္မပြုကျင့်တဲ့သူတွေကို AAC က တရားဥပဒေ အတိုင်း အရေးယူ တရားစွဲဆိုသွားမှာပါ။ ကာမပိုင် လင်ယောင်္ကျားရှိသူ အသက်၂၀ခန့်မြန်မာမိန်းကလေးကို အဓမ္မပြုကျင့်သူကတော့ ဇာသပြင်ဇာတိသား ဖြစ်ပြီး မုဒုံမြို့နယ်မှာ အခြေချနေတဲ့ မင်းသိန်းဦး အသက် ၂၇

နှစ် ဖြစ်ပြီး အခုလက်ရှိတော့ရော်ဘာခြံလုပ်သားအဖြစ်

ထိုင်းနိင်ငံ ချွန်ဘူရီခရိုင် ချာချင်ဆောင်နယ်မြေရှိ ကိုချမ် ရော်ဘာတောခြံထဲ မှာ လုပ်ကိုင်နေပြီး ခြံနားနီးချင်း သူငယ်ချင်း ဖြစ်သူရဲ့ မိန်းမကို လင်ယောကျာင်္းမရှိတဲ့

အချိန် အိမ်ထဲဝင် အတင်းအဓမ္မစော်ကားဖျက်ဆီးခဲ့

တယ် လို့ တာဝန်ရှိထိုင်းအာဏာပိုင်များနှင့် AAC အဖွဲ့

ဝင်များ ရှေ့မှောက်မှာ ဝန်ခံခဲ့ပါသည်။


မြန်မာသံရုံးအလုပ်သမားသံအရာရှိဦးမိုးအောင်ခိုင် မှလည်း တရားခံဖမ်းဆီးမိနိင်ရေးအတွက် လိုအပ်သည့် ကူညီမှုများပေးပြီး တရားခံကို မိအောင်ဖမ်းပါလို့ AAC အဖွဲ့ကို စီစဉ်ညွှန်ကြားပေးခဲ့ပါသည်။


ပုံ- တရားခံဖမ်းဆီးမိနိင်ရေး ပူးပေါင်းဆောင်ရွက်မှု ပုံရိပ်များ


AAC မဟာမိတ် အဖွဲ့

ထိုင်းအခြေစိုက်


Ye Min

0 comments so far,add yours