Wednesday, October 26, 2016

thumbnail

အသက်သခင်အား ဝမ်းသာအားရပွေ့ဖက်နေသော နွားကလေး

သားသတ်သမားတို့ လက်ထဲမှ အမြန်ဆုံး ကယ်တင်ရန် မိမိကျောက်ကပ်တခြမ်းကို ရောင်းချပြီး နွားကလေး၏အသက်ကို ဝယ်ယူခဲ့သော ထိုင်းနိုင်ငံက ရဟန်းတပါးက

သဘာဝဘေးမဲ့ခြံတွင် ကယ်တင်ထားတော့ နွားအား တနှစ်ပြည့်သည်အချိန် လာရောက်တွေ့ဆုံစဉ် ဟု လူမှုကွန်ယက်ပေါ်တွင် ဒီပို့စ်လေးတခု ပြန့်နှံ့လာခဲ့ခြင်း ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ ဝပ်စမန် ဘုန်းတော်ကြီးကျောင်းမှာဖြစ်ပါတယ်။ နေတိုင်းမနက်ဘက် ဆရာတော်က အစာကြွေးနေခြင်းဖြစ်လို့ နွားလေးက ဆရာတော်ကို ခင်တွယ်နေခြင်းသာ ဖြစ်ပါတယ်။

မေတ္တာဆိုတာ အလျားအနံမရှိပေသည့် အသွား အပြန်တော့ ရှိကြပါတယ့့် အသက်သခင် ကိုယ့်ကျေးဇူးရှင်လို့ သိတတ်တဲ့ နွားကလေးဟာ  တချို့ ငယ်စဉ်တောင်ကျေး ကလေးဘဝက စ,လို့ ကြွေးမွေး စောင့်ရှောက်ခဲ့ရသည့် လူသားများထက် ကျေးဇူးတရား သိတတ်မှုမှာ အဲဒီနွားငယ်လေးက အဆတစ်ရာ သာလွန်နေတာကို တွေ့ ရနိုင်ပါတယ်။ သာဓကတွေလည်း အများကြီးတွေရ  မြင်ရ  ကြားရမှာပါ။

တရိစ္ဆာန်တောင်မှ ကျေးဇူးတရား သိတတ်သေးတယ်ဆိုရင် လူတွေက ပိုပြီး ကျေးဇူးသိတတ်ကြရမှာပါ......

AML
MMBREAKINGNEWS

Subscribe by Email

Follow Updates Articles from This Blog via Email

No Comments

About

Powered by Blogger.