Monday, October 17, 2016

thumbnail

ကျိုက်ခမီသွားဘုရားဖူးယာဉ်​တိမ်း​မှောက်​ တစ်ဦးသေဆုံး

ပေါင်၊ အောက်တိုဘာ ၁၇

ပေါင်မြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာလမ်းပေါ်တွင် ၀မ်းတွင်းမြို့မှ လာသော ဘုရားဖူးယာဉ်တစ်စီးယနေ့မနက်အစောပိုင်းက တိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်ပါတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။ ကျိုက်ခမီရေလည်ဘုရားကြီး၏ ဘုရားပွဲသို့လာသော ၀မ်းတွင်းမြို့မှ ဘုရားဖူး ယာဉ် လိုက်ထရက် (8K/2275)သည် ယနေ့မနက်(၅)နာရီခန့်က ​ပေါင်​မြို့
နယ်​၊ ဘန့်​​ဘွေးကုန်း​ကျေးရွာကားလမ်းမကြီး​ပေါ်၌ တိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်ပါ(၁၈)ဦး ဒဏ်ရာရခဲ့ကာ ယာဉ်နောက်လိုက်ဖြစ်သူ ဦးဌေးအောင်(၅၀)နှစ်မှာ နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာပြင်းထန်နှစ်ဦးကို မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး ကျန်သူများကိုမူ ပေါင်ဆေးရုံသို့ တင်ပို့ခဲ့သည်။ အမှုဖြစ်စဉ်ကြောင့် ယာဉ်​​မောင်းသူအား ​ပေါင်ရဲစခန်းက ထိန်းသိမ်းထားပြီး (ပ)၆၅/၂၀၁၆ ရာဇသတ်​ကြီးဥပ​ဒေပုဒ်​မ ၃၀၃ က /၃၃၈/၃၃၇
ဒုရဲအုပ်​​အောင်​မိုး​ကျော်က တရားလိုပြုလုပ်ပြီး အမှုဖွင့်ထားကြောင်းသိရသည်။

Via ; Than Lwin Time
Credit - မင်းကွန်ချမ်း

Subscribe by Email

Follow Updates Articles from This Blog via Email

No Comments

About

Powered by Blogger.