‘‘ပဲပြုတ် ... နံပြား .... ပဲပြုတ် ... နံပြား ... အီကြာကွေး ...’’

သံရှည်ဆွဲပြီး ကျယ်လောင် စွာ ထွက်လာသည့် ထိုအသံက တိတ်ဆိတ်နေသည့် ဝေလီဝေ လင်း နံနက်ခင်းကို ဖြိုခွင်းလိုက် သည်။ ရန်ကုန်မြို့ စမ်းချောင်းမြို့ နယ်အတွင်းက ရပ်ကွက်တစ်ခု တွင်ဖြစ်သည်။ ပဲပြုတ်တောင်းကို စက်ဘီးနောက်ကယ်ရီယာမှာတင် လျက် လမ်းသွယ်ထဲကို ၀င်လာ သည့် အမျိုးသား၏ အောင်မြင်လှ သော အသံဖြစ်သည်။ စမ်းချောင်း တစ်ဝိုက် နေသူထိုင်တွေအတွက် တော့ သူ့အသံကို ကျက်မိနေကြ ပြီဖြစ်သည်။ သူ့ရုပ်သဏ္ဌာန်က လည်း မနက်တိုင်းမြင်နေကျမို့ အထူးအဆန်းမဟုတ်။ သို့သော် စမ်းချောင်းဘက် ဖြတ်သွားဖြတ်လာရင်း ညအိပ်ညဥ့်နေသွားရင်း ပထမဆုံးအကြိမ်အဖြစ် ထိုပဲပြုတ် သည် အမျိုးသားကို မြင်ရမည်ဆို လျှင်တော့ အံ့သြကြရပါလိမ့်မည်။

ပဲပြုတ်သည်ဆိုလျှင် အ၀တ် အစား ခပ်နွမ်းနွမ်းနှင့် ပုဆိုး၊ လုံ ချည်ကို တိုတိုဝတ် ပဲပြုတ်တောင်း ခေါင်းပေါ်ရွက်လို့ အရပ်တကာ လှည့်အော်ရောင်းကြရသည့် ဖိနပ် ပါးဘ၀သမားတွေကို ပြေးမြင်ကြ မည်ဖြစ်သည်။

သည်ပဲပြုတ်သည်အမျိုးသား မှာတော့ တွေ့နေကျ ပဲပြုတ်သည် တို့၏ ပုံသဏ္ဌာန်မျိုး လုံးဝတွေ့ရ မည် မဟုတ်ပါ။ ထိုလူငယ်က မီးပူ ကော့နေအောင် တိုက်ထားသည့် စတစ်ကော်လာ အဖြူစွတ်စွတ် အင်္ကျီနှင့်အတူ အနီရောင် ရဲရဲ တောက်တောက် ပုဆိုးကို တွဲဖက် ၀တ်ဆင်ထားသည်။ ဖိနပ်က လည်း ကတ္တီပါဖိနပ်။ သူ့အသွင် အပြင်ကို ပိုပြီးတည်ကြည်ခံ့ညား  သွားစေသည်ကတော့ ပါဝါမျက်မှန် တပ်ထားခြင်းဖြစ်သည်။

ထို့ကြောင့် သူ့ကိုမြင်ရလျှင် ပဲပြုတ်တောင်းနှင့် ဘယ်လိုမှ အပ် စပ်၍မရ။ စာကြမ်းပိုးတက္ကသိုလ် ကျောင်းသားတစ်ယောက်နှင့်သာ တူနေတော့သည်။

အမှန်လည်း ပဲပြုတ်ရောင်း နေသည့်တိုင် အသက်(၂၀)ပင် မ ပြည့်သေးသည့် မောင်မျိုးအောင် က ရန်ကုန်အနောက်ပိုင်းတက္က သိုလ်မှာ တတိယနှစ် (အဝေးသင်) တက်နေသည့် ကျောင်းသားတစ် ယောက်ဖြစ်နေသည်။ ပဲပြုတ်သည် မထားမဟုတ်ဘဲ ပဲပြုတ်သည် ဥပဒေကျောင်းသား တစ်ယောက် ဖြစ်၏။

ကျောင်းတက်ရင်း ၀င်ငွေရှာ ရသည်က တက္ကသိုလ်ကျောင်း သားဘ၀တွင် အဆန်းမဟုတ်ပါ။ နိုင်ငံတကာမှာတော့ စားပွဲထိုး၊ ပန်းကန်ဆေး၊ ကလေးထိန်း ရရာ ၀င်လုပ်ကြသည်။ မြန်မာပြည်မှာ တော့ အခြေခံအလုပ်ထက် ကုမ္ပဏီ ၀န်ထမ်းလို အလုပ်မျိုးကို ရွေးချယ်တတ်ကြသည်။

မောင်မျိုးအောင်တို့ မိသားစု က ရန်ကုန်ဇာတိတွေ မဟုတ်။ မကွေးရေနံချောင်းဘက်က လာ ခြင်းဖြစ်သည်။ တောရွာမှာ အလုပ်အကိုင်မကောင်း၍ ဖခင်ဖြစ်သူက ရန်ကုန်မြို့ပေါ်တက် အလုပ်လုပ် ရင်း နောက်ဆုံး မိသားစုလိုက်ရန်ကုန်ပြောင်းရွှေ့ခဲ့သည်။ရန်ကုန် ပြောင်းလာတော့ မောင်မျိုးအောင် အသက် (၃)နှစ်ပင်မပြည့်သေး။

ရန်ကုန်ရောက်တော့ ဖခင် ဖြစ်သူက ဂါလီနင်းသည်။ အစ်မ တွေကလည်း အရွယ်ရောက်တော့ စက်ရုံအလုပ်တွေ ၀င်လုပ်ကြ သည်။ မောင်မျိုးအောင်ကတော့ အငယ်ဆုံးမို့ ကျောင်းတက်သည်။ သို့ပေမဲ့ မိသားစုက ပြောလောက် အောင် အဆင်ပြေတာမျိုးမဟုတ်၊ မောင်မျိုးအောင် တစ်ယောက် ကျောင်းစရိတ်နှင့် သူလိုအပ်သည့် စာရေးကိရိယာ အသုံးအဆောင် တွေဝယ်ဖို့ ကျောင်းပိတ်ပြီဆိုသည် နှင့် ရရာအလုပ် ၀င်လုပ်သည်။ နွားနို့ဆိုင်မှာ စားပွဲထိုးဝင်လုပ် သည်။ စားသောက်ဆိုင်တွေမှာ ပန်းကန်ဝင်ဆေးသည်။ ကျောင်း ပိတ်ရက်တင် အလုပ်လုပ်ရတာ အားမရတော့ ကျောင်းကပြန်သည် နှင့် ဆိုင်တွေမှာ ၀င်လုပ်ပြန်သည်။ ရှစ်တန်းနှစ်ကဆိုလျှင် ကျူရှင်လခ မပေးနိုင်၍ ကျူရှင်ဖိုးရရန် ပန်းရန် အလုပ်ကအစ ရရာဝင်လုပ်သည်။ မိဘနှင့် မိသားစုတွေက သားအ ငယ်ဆုံးလေး အလုပ်လုပ်နေသည် မို့ စိတ်မကောင်းသော်လည်း ရန်ကုန်မြို့ပြ လူနေမှုစားစရိတ်တွေကြောင့် မျက်စိစုံမှိတ် ခွင့်ပြုကြရသည်။

ဆယ်တန်းရောက်တော့ ကျူ ရှင်ဖိုးမတတ်နိုင်၍ အခမဲ့ကျူရှင် မှာတက်ရသည်။ ထိုသို့တက်ရင်း ဆယ်တန်းကို ၂၀၁၃ မှာ နှစ်ချင်း ပေါက် အောင်မြင်ခဲ့သည်။ ဆယ် တန်းအောင်တော့ မောင်မျိုး အောင် တခြားသူငယ်ချင်းတွေလို တက္ကသိုလ်နေ့ကျောင်း တက်ချင် လေသည်။ ရုပ်ရှင်တွေထဲကလို သူငယ်ချင်းတွေ တပျော်တပါးကြီး ဖြင့် မြကျွန်းညိုညို တက္ကသိုလ်မြေ သို့ မောင်မျိုးအောင် ခြေချချင်လေ သည်။

သို့သော် ဆယ်တန်းအထိ တောင် အလုပ်တစ်ဖက် ကျောင်း တစ်ဖက်ဖြင့် တက်ခဲ့ရတာမို့ တက္က သိုလ်ရောက်မှတော့ နေ့ကျောင်း တက်နိုင်ဖို့ လမ်းမမြင်တော့။ ထို့ အတွက် မိဘကိုလည်း စိတ်ဆင်း ရဲမည်စိုး၍ ပူဆာမနေတော့။ အ ဝေးသင်တက္ကသိုလ်သာ တက်ရင်း ဥပဒေပညာ သင်ယူလိုက်ရသည်။

အဝေးသင်တက်ရင်း သူအ လုပ်လုပ်သည်။ အရောင်းဝန်ထမ်း တို့ ဘာတို့ဖြစ်သည်။ သို့သော် သူ့ အတွက် အဆင်မပြေ။ တခြားသူ ငယ်ချင်းတွေလို လစာအတန်အ သင့်ရသည့်လုပ်ငန်းမျိုး မောင်မျိုး အောင် မရရှိခဲ့။ တစ်လတစ်လ ငွေလေး လေး၊ ငါးသောင်းရဖို့ နေ ကုန်နေခန်း အလုပ်လုပ်ရသည်။ ပေးရသည့်အချိန်နှင့် ရသည့်ငွေ ကြေး ဘယ်လိုမှမတန်။ ထို့အ တွက် သူ ၀န်ထမ်းလုပ်ရတာ မ ပျော်တော့။ သူကျောင်းတက်ရင်း ဘာလုပ်ရမည်လဲ စဉ်းစားသည်။

မောင်မျိုးအောင်တို့ မိသားစု နေသည့် လှိုင်မြို့နယ်(၁)ရပ်ကွက်  ဇေယျသိဒ္ဓိ(၃)လမ်းထဲမှာ မောင် မျိုးအောင်တို့လို အညာက တက် လာသူတွေ အများစုနေထိုင်ကြ သည်။

ထိုသူတွေထဲမှာ ပဲပြုတ် ရောင်းပြီး အသက်မွေးသည့်သူ တွေ တော်တော်များများရှိသည်။ မောင်မျိုးအောင်က ထိုပဲပြုတ် သည်တွေနှင့် ခင်မင်နေတော့ ဘယ်လောက်မြတ်သလဲ တီးခေါက်ကြည့်သည်။ မောင်မျိုးအောင် မျက်လုံးပြူးသွားရသည်။  ပဲပြုတ်ရောင်း၍ ရသည့်ဝင်ငွေက မောင်မျိုးအောင်တို့ သူများဆီမှာ သွားလုပ်ရသည့် အလုပ်ထက် နှစ်ဆနီးပါး ပိုများနေလေသည်။

ထို့ကြောင့် မောင်မျိုးအောင် အသေအချာစဉ်းစားသည်။ ငါ သူ များတွေလို ပုံမှန်လခစားဝန်ထမ်း ၀င်လုပ်မလား၊ ကိုယ့်ကိုယ်ပိုင်အ လုပ် ပဲပြုတ်ပဲ လည်ရောင်းရမလား နှိုင်းယှဉ်တွေးတောသည်။ ပဲပြုတ် ရောင်းမည်ဆိုလျှင် သူများဆီမှာ နေကုန်နေခန်း သွားနေစရာလို။ မနက်တစ်ပိုင်း နာရီပိုင်းလောက် ရောင်းရုံဖြင့် ၀န်ထမ်းအလုပ်ထက် ၀င်ငွေပိုရမည်။ ဒါဆို ပဲပြုတ်ရောင်းမည်လား။

မောင်မျိုးအောင်က ငယ်ငယ်တုန်းက အလုပ်မျိုးစုံ မရှက်မ ကြောက်ဝင်လုပ်ခဲ့သော်လည်း လူ ပျိုလည်းဖြစ်လာပြန် ရုပ်ရှည်က လေးကလည်း သနားကမားလေး ဖြစ်ပြန်ဆိုတော့ ပဲပြုတ်ထွက် ရောင်းဖို့ ရှက်နေခဲ့လေသည်။ သို့ သော် ကျောင်းဖွင့်လျှင် ကျောင်း စရိတ်က ကုန်ဦးမည်။ နောက်ပြီး ရွယ်တူလူငယ်တွေ ၀တ်သလို စား သလို မောင်မျိုးအောင်လည်း နေ ချင်သည်။ အဆင်မပြေသည့် မိဘ ကိုလည်း အပူမကပ်ရက်။ နောက် ဆုံးတော့ ဘာဖြစ်ဖြစ် ချကြည့်မယ် ကွာဟု ကိုယ့်ကိုယ်ကိုယ် အားပေး ရင်း ‘‘အမေ ကျွန်တော် ပဲပြုတ် ရောင်းမယ်’’ဟု ပြောချလိုက်တော့ သည်။

ရပ်ကွက်ထဲက လူတွေက မောင်မျိုးအောင် ပဲပြုတ်ရောင်း မည်ဆိုတော့ ‘‘မင်း ပဲပြုတ်အော် တတ်လို့လား’’ဟု စကြသည်။ စမ်း အော်ကြည့်ပါလားဟုလည်း ထရိန်နင် ဆင်းခိုင်းကြသည်။ မောင် မျိုးအောင်ကတော့ သူတို့ အော်ခိုင်းပေမယ့် မအော်ရဲ၊ တကယ်ရောင်းတော့မည်ဆိုခါမှ ဖြစ် အောင်အော်မည်ဟု ဆုံးဖြတ်ထားသည်။

စရောင်းတဲ့နေ့က စားတော် ပဲတစ်ပိဿာ စပြုတ်သည်။ပဲပြုတ် အပြင် တခြားပဲပြုတ်သည်တွေ ရောင်းသလို နံပြား၊အီကြာကွေးပါ တွဲရောင်းသည်။ နံပြား၊ အီကြာ ကွေးကတော့ လက်ဖက်ရည်ဆိုင် ကနေ ဖောက်သည်ပြန်ယူရောင်းရသည်။

ပဲပြုတ်တောင်းကို ပခုံးပေါ် ထမ်းတင်ရင်း မောင်မျိုးအောင် ပဲ ပြုတ်ရောင်းထွက်သည်။ ပဲပြုတ် စရောင်းပြီမို့ သူငယ်ချင်းတွေ တွေ့သွားမှာလည်း စိုးတာကြောင့် နေသည့် လှိုင်မြို့နယ်ထဲ မရောင်း ဘဲ ကြည့်မြင်တိုင်ဘက် ဘတ်စ် ကားစီးကာ သွားရောင်းသည်။ စရောင်းခါစမို့ ပဲပြုတ်ဟု အော် သည့်အသံက တုန်တုန်ယင်ယင် ဖြင့် ထွက်လာသည်။ ရက်သတ္တ နှစ်ပတ်လောက်ကြာမှ ပဲပြုတ် အော်သံ အထာကျသည်။ အော် တာပင် အထာမကျရုံမက ဈေး ရောင်းရသည်ကလည်း ထင်ထား သလောက် မရောင်းရသေး။အများ စုက ပဲပြုတ်ကို ကိုယ်ဝယ်နေကျ အသည်ထံမှ ၀ယ်ကြသည်။ ထို့ ကြောင့် ပဲပြုတ်သည်လက်သစ်လေး မောင်မျိုးအောင် ၀ါရင့် ပဲပြုတ်သည်တွေကြားမှာတော့ ၀င်တိုး၍မလွယ်ခဲ့။ ပဲပြုတ်ရောင်းမကုန်ခဲ့သည့် ရက်တွေကိုလည်း မောင်မျိုးအောင် ဖြတ်သန်းခဲ့ရ သည်။

ပဲပြုတ်က နွေရာသီကျောင်း ပိတ်ရက်တွေမှာတော့ လုံးဝရောင်း မကောင်း။ ကျောင်းဖွင့်ရက်မှသာ ကလေးကျောင်း ထမင်းချိုင့်ထဲ ပဲ ပြုတ် ထည့်ပေးရသူတွေ ရှိတာ ကြောင့် ပဲပြုတ်က ရောင်းကောင်း သည်။ တစ်ခါတလေ ရန်ကုန်မိုး က ရုတ်တရက် သဲကြီးမဲကြီး ရွာ ချလိုက်လျှင်လည်း အော်ရောင်း ၍ မရတော့သဖြင့် ပဲပြုတ်က မ ရောင်းရ။ ထိုအခါမျိုးဆိုလျှင်တော့ မောင်မျိုးအောင် သေလောက် အောင် စိတ်ညစ်လေသည်။

ထိုသို့ ပဲပြုတ်ရောင်းကောင်း  မည့်နေရာကို လိုက်ရှာရင်း ရှာရင်း  စမ်းချောင်းဘက် ရောက်လာခဲ့  သည်။ တဖြည်းဖြည်း စမ်းချောင်း မှာ မောင်မျိုးအောင် ဖောက်သည် တွေ ရလာခဲ့သည်။ သုံးလလောက် ကြာတော့ စုထားသည့်ငွေဖြင့် တစ်ပတ်ရစ် ဂျပန်စက်ဘီးလေး တစ်စီး ၀ယ်နိုင်ခဲ့သည်။ စက်ဘီး ၀ယ်ပြီးနောက်မှာတော့ မောင်မျိုး အောင် မနက်ပိုင်း စားတော်ပဲ ရောင်းရုံတင်အားမရတော့ဘဲ နေ့ ခင်းဘက် ပဲကတ္တီပါပြုတ်ပါ လည် ရောင်းလေတော့သည်။

ပဲပြုတ်စရောင်းခါစတုန်းကတော့ ရှက်ရွံ့ခဲ့သော်လည်း နောက်ရောင်းနေကျဖြစ်လာတော့ မောင်မျိုးအောင် ရှက်ရွံ့၊ကြောက် ရွံ့တာမျိုးမရှိတော့။ ကိုယ့်ကျောင်း စရိတ်အတွက် ကိုယ်ကိုယ်တိုင် သမ္မာအာဇီဝကျကျ ငွေရှာသည်။ မိသားစုနှင့် ကိုယ့်နောင်ရေးအ တွက် ပဲပြုတ်ရောင်းရငွေဖြင့် စု ဆောင်းသည်။ ထို့ကြောင့် ဘာကို မှ ရှက်ကြောက်နေရန်မလိုတော့ ဟု ထင်မြင်လာခဲ့သည်။ နံနက် ၅ နာရီခန့်ဆိုလျှင် မောင်မျိုးအောင် နားကြပ်ကလေးဖြင့် သီချင်းနား ထောင်ကာ ပဲပြုတ်ရောင်းစထွက် ပါပြီ။ ရသည့်သီချင်း လိုက်ဆိုရင်း ဖြင့် ပဲပြုတ်သည်လေး လမ်းပေါ် ရောက်ပါပြီ။

တချို့က မောင်မျိုးအောင် ပုံစံဖြင့် ပဲပြုတ်ရောင်းသည်ဆို တော့ မယုံကြ။ တချို့ကတော့ ပဲ ပြုတ်ရောင်းနေတယ်သာ ဆိုတယ် မင်းသားကျနေတာပဲဟု စနောက် ကြသည်။ မောင်မျိုးအောင်က လည်း ဈေးရောင်းထွက်သည့်အခါ  ပုဆိုးလုံချည်ဖြင့်သာထွက်သည်။ ဘောင်းဘီရှည်နှင့် ရောင်းမည်ဆို လျှင် မယဉ်ကျေးရာကျမည်ကို စိုး ရိမ်ခြင်းဖြစ်သည်။ နောက်ပြီး သပ် သပ်ရပ်ရပ် အ၀တ်အစားတွေကို ပဲပြုတ်သည်နှင့်မလိုက်ဖက်စွာ တ မင်စတိုင်ထုတ် ၀တ်ဆင်ခြင်းမျိုးမ ဟုတ်...။

ဈေးရောင်းအပြီး ကျူရှင် တန်းသွားရမှာမျိုးဆိုလျှင် အ၀တ် အစား လဲချိန်မရတော့၍ ကျူရှင်သွားမည့် အ၀တ်အစားသာ တစ်ခါတည်း တန်းဝတ်ခဲ့တာမျိုးလည်းရှိသည်။ ထို့အတွက် မောင်မျိုးအောင်က အောက်က ယောပုဆိုး၊ အပေါ်က စတစ်ကော်လာအင်္ကျီဖြင့် ပဲပြုတ်လည်ရောင်းရသည့်အ ခါမျိုးတွေလည်းရှိသည်။

မောင်မျိုးအောင်သည် တ ခြားလူငယ်တွေလို ခေတ်ပေါ်အ ၀တ်အစားတွေ ၀တ်ချင်ပါ၏။ သူ အကြိုက်ဆုံး မင်းသားဖြစ်သည့် အောင်ရဲလင်းလို ဖက်ရှင်လန်း လန်းတွေ သူ့ခန္ဓာကိုယ်ပေါ် တင် ကြည့်ချင်ပါ၏။ သို့သော် အ၀တ် အစားဈေးနှုန်းတွေက သောင်းချီ ရှိနေတာမို့ ၀ယ်ဝတ်ဖို့အဆင်မပြေ နိုင်။ ထို့ကြောင့် ဈေးသက်သာ သည့် လုံချည်လေးတွေ၊ စတစ် ကော်လာလေးတွေ၊ တိုင်းရင်း သားဝတ်စုံလေးတွေသာ ၀ယ်ဝတ်ရပါ၏။

မောင်မျိုးအောင်ကတော့ သူ  မရှက်မကြောက် ပဲပြုတ်လည် ရောင်း၍ ရလာသည့် ပိုက်ဆံတွေ ကို အလဟဿသုံးမပစ်ရက်။ အ တတ်နိုင်ဆုံး ခြိုးခြံချွေတာကာ ပိုက်ဆံစုသည်။ မိသားစုနောင်ရေး အတွက် သုံးစွဲရန် မိဘဆီအပ် သည်။

ဘ၀တစ်လျှောက်လုံး အိမ် ငှားဘ၀ဖြင့် ဖြတ်သန်းလာခဲ့ရ သည့် မောင်မျိုးအောင်တို့မိသားစု အိုးပိုင်အိမ်ပိုင်ဘ၀ ရောက်ရန်ရည်ရွယ်ထားလေသည်။

မကြာမီတော့ မောင်မျိုး အောင် တတိယနှစ် အဝေးသင်စာမေးပွဲကို ဖြေဆိုရဦးမည်ဖြစ် သည်။ အဝေးသင်ကျောင်းတက် ရက်နီးပြီမို့ ပဲပြုတ်ကို မနက်ခင်း ပိုင်းသာ ရောင်းနေသည်။ စာမေး ပွဲပြီးလျှင်တော့ နေ့ခင်းပါ ပုံမှန် အတိုင်း ပြန်ရောင်းမည်။ နောက် ပြီး စာမေးပွဲပြီးလျှင် ပဲပြုတ်ရောင်း ရင်း ရသည့်အချိန်တွင် LCCI တို့၊ ကွန်ပျူတာသင်တန်းတို့၊ အင်္ဂလိပ် စကားပြောသင်တန်းတို့ပါ တက် ရောက်မည်ဟု သူတွေးထားသည်။ နောင်တစ်ချိန်တွင် ကိုရီးယားသွား အလုပ်လုပ်ရန်လည်း မောင်မျိုး အောင် ရည်မှန်းထားသည်။

မည်သူမဆို ကူညီသည်ဖြစ် စေ ×××မည်သူမဆို မကူညီသည် ဖြစ်စေ×××ကိုယ်ထူကိုယ်ထကိုယ့် ဘ၀အခြေအနေ××× ကိုယ့်အား ကိုယ်ကိုးမှ ကိုယ်သာသခင်ဖြစ် ပေ××× ၀န်ထမ်း ××× ရွှင်လန်း ××× ပန်းတိုင်ကို အရောက် လျှောက်နိုင်ဖို့လေ ××× လုလင် ငယ်သွေး အားမာန်မွေးရမလေ ××× (လုလင်ငယ်သွေး၊ ရေး- ထီလာစစ်သူ)

စိတ်ကူးအိပ်မက်တွေ တစ်ပုံ တစ်ပင်ဖြင့် တက္ကသိုလ်ကျောင်း သားပဲပြုတ်သည်ကလေး မောင် မျိုးအောင် စမ်းချောင်းကရပ်ကွက် တွေထဲ ပဲပြုတ်လည်ရောင်းနေပါ ဦးမည်။ ရည်မှန်းချက်ပန်းတိုင် မရောက်သေးခင် အထိတော့ မောင်မျိုးအောင် ပဲပြုတ်တောင်း တစ်တောင်းဖြင့် စက်ဘီးလည် နင်းရပါဦးမည်။ သို့သော် စရောင်း ခါစတုန်းကလိုတော့ ရှက်ရွံ့မ တော့။

မောင်မျိုးအောင် အသံထည် ထည်ဝါ၀ါ အားမာန်အပြည့်ဖြင့် ‘ပဲပြုတ်နံပြား.... ပဲပြုတ်နံပြား အီကြာကွေး’ ဟစ်အော်လိုက်သံက မြင့်မားလှသည့် တိုက်တာများအကြား ပဲ့တင်ထပ်၍ သွားပါတော့ သည်။

လမ်းတကာလှည့်လည်၍ ပဲပြုတ်၊ နံပြားနှင့် အီကြာကွေးတို့ကို ရောင်းချနေသော မောင်မျိုးအောင်

ဓာတ်ပုံ - ညီညီဇော်

7Day News

MMBREAKINGNEWS

0 comments so far,add yours