ကော့သောင်းမြို့ စူငယ်ဘာလှိုင်းကျေးရွာအုပ်စု ချောင်ဖျားကြီးကျေးရွာတွင် ၈ နှစ်အရွယ်ကလေးငယ် အားသားမယားအဖြစ်ပြုကျင့်ရန်ကြံစည်မှုဖြစ်ပွါးကြောင်းသတင်းအရဒုစခန်းမှုးအဖွဲ့မှသွားရောက်စစ်ဆေးခဲ့ရာုပြုကျင့်ခံရသူမှာ မ--------- ၈ နှစ် ပထမတန်းကျောင်းသူ ချောင်းဖျားကြီးကျေးရွာနေသူဖြစ်ကြောင်းသိရှိရပြီးအခင်းဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းခဲ့ရာ 11.10.2016 ရက်နေ့1830 အချိန်ခန့်တွင် မ------ ၏အဒေါ်ဖြစ်သူ ဒေါ်မေမြတ်ဝင်း သည် ဒဂုံတင်ဘားဆီအုန်းကုမ္မဏီ ဆီအုန်းခြံတွင်တောခုတ်ပြီးပြန်လာစဉ် ခင်ပွန်းဖြစ်သူ ဦးကျော်ဌေးအား အော်ခေါ်စဉ် တစ်ရွာတည်းနေ ဦးရှိန်ဝင်း မှ တူမဖြစ်သူ မ ------ အားနေအိမ်နောက် ဘက်မှ လက်ဆွဲခေါ်လာခဲ့ကြောင်းနှင့် တူအဖြစ်သူမှ ငို ယိုနေသဖြင့် ဦးရှိန်ဝင်းအားမေးမြန်းရာဘာမျှဖြေကြား ခြင်းမရှိဘဲထွက်ပြေးသွားသဖြင့် တူမဖြစ်သူ မ-------- အားမေးမြန်းခဲ့ရာဦးရှိန်ဝင်းမှ မ------ အားနေအိမ်နောက် သို့ခေါ်သွားပြီး ဘောင်းဘီချွတ်ကာ မအင်္ဂါအားလက်ဖြင့် ပွတ်သတ်ကြောင်း ကျားအင်္ဂါအားလက်ဖြင့်ကိုင်ခိုင်း ကြောင်း မ--------၏မအင်္ဂါအားအဖွါးဖြစ်သူ မှကြည့်ရှု့ခဲ့ ရာတွင်လည်းနီမြန်နေသဖြင့် တူမဖြစ်သူအားသားမယား အဖြစ်ပြုကျင့်ရန်ကြံစည်ခဲ့သူ ရှိန်ဝင်း (၅၇)နှစ်၊(ဘ) ဦးကျင်ရှိန် ကျဘမ်းလုပ် ချောင်းဖျားကြီးကျေးရွာနေသူ အားအရေယူပေးနိုင်ပါရန်တိုင်တန်းခဲ့သဖြင့်ကော့သောင်းမြို့မရဲစခန်း (ပ)၁၂၇၃/၂၀၁၆ ပုဒ်မ ၃၇၆/၅၁၁ အရအ ရေးယူဆောင်ရွက်ထားရှိပြီးတရားခံရှိန်ဝင်း အားအမှုဖြင့် ဖမ်းဆီးစစ်ဆေးလျှက်ရှိကြောင်းသိရှိရပါသည်ဟု Facebook သုံးစွဲသူ တယောက်မှ တင်ထားပါသည်။

MMBREAKINGNEWS

0 comments so far,add yours