Wednesday, October 26, 2016

thumbnail

အိမ်နံရံက သံငုတ်တစ်ခုနဲ့ ညာဘက်က နားကွင်းလေးနဲ့ချိတ်မိပြီး နားရွက်အဖျား ပြတ်ထွက်သွားတဲ့ သမီးငယ်

"ကလေးကို ရွှေနားကွင်းဆင်တဲ့ အန္တရာယ်"
.............................................

ဒီနေ့ ညနေ
ကျွန်တော့်ဆေးခန်းလေးကို လာပြတဲ့
လူနာသမီးလေးရဲ့ အဖြစ်အပျက်ပါ ...

သူမနာမည်က မစုလဲ့နဒီတဲ့။
အသက်က တစ်နှစ်နဲ့လေးလပဲရှိပါသေးတယ်။
သူမရဲ့မိဘတွေက သမီးလေးမွေးလာတာဆိုတော့
မြန်မာမိဘတွေရဲ့ ထုံးစံအတိုင်း
လက်ဝတ်ရတနာလေးတွေ ဆင်ပေးကြတယ်။
ဒါ့ကြောင့်
သမီးလေးအသက်တစ်နှစ်မပြည့်ခင်မှာပဲ
ရွှေနားကွင်းလေးတစ်စုံ ဆင်ပေးထားကြတယ်။

ဒီညနေ
အဲ့ဒီ သမီးလေးဆော့နေတုန်း သူမရဲ့
အဖေပြန်လာတာ တွေ့လိုက်တော့ 
ရုတ်တရက် မတ်တပ်ထအရပ်မှာ
အိမ်နံရံက သံငုတ်တစ်ခုနဲ့ ညာဘက်က
နားကွင်းလေးနဲ့ချိတ်မိပြီး
နားရွက်အဖျား ပြတ်ထွက်သွားတော့တယ်။

ကျွန်တော့်ဆေးခန်းကိုရောက်လာတော့
ထုံဆေးပေးပြီး ပြန်ချုပ်ပေးလိုက်ရတယ်။

မိဘတွေကို ပြောချင်တာက
ကလေးကို အရွယ်မရောက်ခင်
အန္တရာယ်ဖြစ်စေမယ့် လက်ဝတ်ရတနာတွေ
မဆင်ကြပါနဲ့။

သူတို့ကိုယ်တိုင် ဆော့ကစားရင်း
အန္တရာယ်ဖြစ်စေနိုင်သလို ၊
မသမာသူတွေကို ဖိတ်ခေါ်နေသလိုပါပဲ။
ကလေးလေးတွေခဗျာ မပြောတတ်မဆိုတတ်နဲ့
သနားဖို့ကောင်းပါတယ်ဗျာ။
လူကြီးတွေ ရဲ့ ဂုဏ်တုဂုဏ်ပြိုင်အတ္တ ၊
တလွဲအချစ်တွေနဲ့ ကလေးတွေကို
ဒုက္ခမပေးကြပါနဲ့။

အရွယ်မရောက်သေးတဲ့
ကလေးတွေကို လက်ဝတ်ရတနာ
မဆင်တာ အကောင်းဆုံးပါပဲဗျာ။

                                      ဆန္ဒမွန်ဖြင့်...

                                      ဒေါက်တာရဲထွန်းဇော်
                                      အထက်မင်းလှမြို့။

ဒေါက်တာရဲထွန်းဇော် အကောင့်တွင် တင်ထားပါသည်။

AML
MMBREAKINGNEWS

Subscribe by Email

Follow Updates Articles from This Blog via Email

No Comments

About

Powered by Blogger.