Friday, October 7, 2016

thumbnail

မိသားစုသေဆုံးမှုကိုကလဲ့စားချေဖို့ ISIS နှိမ်နင်းတဲ့အဖွဲ့ထဲကိုဝင်ပြီး ISတွေရဲ့ခေါင်းကိုဖြတ်၊ ချက်ပြုတ်ခဲ့တဲ့ အီရတ်အဖွားအို

အစ္စလာမ်မစ်စ် အစွန်းရောက်စစ်သွေးကြွအဖွဲ့ဖြစ်တဲ့ ISIS ဟာ Wahida Mohamed Al-Jumaily ရဲ့ အကိုသုံးယောက်၊ ဒုတိယမြောက်ယောကျာ်းနဲ့ ဖခင်ဖြစ်သူကို သတ်ခဲ့ပြီးတဲ့အချိန်မှာ Wahida ဟာ သူမရဲ့နာကျင်မှုတွေကို ကလဲ့စားချေဖို့ ISIS ဆန့်ကျင်နှိမ်နင်းရေးအဖွဲ့ကို ဝင်ခဲ့ပြီး ISISတပ်သားတွေရဲ့ ခေါင်းကိုဖြတ်ပြီးချက်ပြုတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီအကြောင်းနဲ့ပတ်သတ်ပြီး Wahidaဆီကို ISခေါင်းဆောင်တွေကနေ ခြိမ်းခြောက် သတိပေးစာတွေရောက်လာခဲ့ပါတယ်။ သူတို့ရဲ့အယူမှာတော့ မိန်းမတွေကနေ သတ်တာခံရရင် မမြင့်မြတ်ဘဲ နတ်ပြည်မရောက်ဘူးလို့ ယူဆလို့ပါ။ အီရတ်အဘွားအို Wahidaဟာ အသက် ၃၉နှစ်အရွယ်မှာ မြေးကလေးရရှိခဲ့ပြီး အဘွားတစ်ယောက်ဖြစ်လာခဲ့တာပါ။ အဲအချိန်ထိ သူမဟာ IS စစ်သွေးကြွတွေရဲ့ဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားခဲ့ရပြီး ကလဲ့စားချေချင်စိတ်ပြင်းပြနေခဲ့တာပါ။

Source : buzzingcreepy


Translated by Alexa


Subscribe by Email

Follow Updates Articles from This Blog via Email

No Comments

About

Powered by Blogger.