Sunday, October 16, 2016

thumbnail

KIA အဖွဲ့မှ ကျောင်းဆရာမများနှင့် ကျောင်းသားလူငယ်များအား ဖမ်းဆီး ခေါ်ဆောင်၍ လုပ်အားပေး အတင်းအကြပ်စေခိုင်း

……


ကချင်ပြည်နယ်၊ မိုင်ဂျာယန်ဒေသတွင် ကျောင်းဆရာမများနှင့် ကျောင်းသားလူငယ်များအား အောက်တိုဘာလ ၁၃ ရက်နေ့က KIA အဖွဲ့မှ လုပ်အားပေးအတင်းအကြပ်စေခိုင်းနေကြောင်း ယင်းဒေသခံများထံမှ သိရှိရသည်။


မိုင်ဂျာယန်ဒေသတွင် ကျောင်းဆရာမများနှင့် ကျောင်းသားလူငယ်များအား အောက်တိုဘာလ ၁၃ ရက်နေ့က KIA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်ကာ အာဏာပြခြိမ်းခြောက်၍ ၎င်းတို့၏ ခံစစ်အတွက် တပ်စခန်းများအတွင်း ဆက်သွယ်ရေးမြောင်းများနှင့် ဗုံးခိုကျင်းများတူးရန် အတင်းအကြပ်စေခိုင်းနေကြောင်း ကျောင်းဆရာမတစ်ဦးမှ ပြောပြသည်။

“ကျွန်မတို့စာသင်ကျောင်းကို KIA အဖွဲ့တွေရောက်လာပြီး ကျောင်းဆရာမတွေနဲ့ ကျောင်းသားကျောင်းသူတွေ ကို ဖမ်းခေါ်သွားပါတယ်၊ သူတို့စခန်းကိုရောက်တော့ ဆက်သွယ်ရေးမြောင်းတွေ၊ ဗုံးခိုကျင်းတွေကို တူးခိုင်း တယ်၊ ကျွန်မတို့လည်း မိန်းမသားဆိုတော့ သူတို့ခိုင်းတာတွေကို မလုပ်နိုင်ပါဘူး၊ ကလေးတွေကလည်း စာသင် နေတဲ့ ကျောင်းသားတွေဆိုတော့ ပင်ပင်ပန်းပန်း မလုပ်နိုင်ကြဘူးလေ၊ သူတို့က သေနတ်တွေ ပစ်ဖောက်ပြီး အာဏာနဲ့ခိုင်းတယ်၊ မတူးရင်သတ်ပစ်မယ့်သဘောမျိုးနဲ့ အတင်းခိုင်းတာပါ၊ ကျွန်မတို့နဲ့ ကလေးတွေလည်း သေနတ်နဲ့ပစ်မှာကြောက်တော့ သူတို့ခိုင်းတဲ့အတိုင်း လုပ်ရတာပေါ့ရှင်၊ အခုအချိန်က ကျောင်းမှာ ကလေးတွေ က လပတ်စာမေးပွဲဖြေနေကြတဲ့အချိန်လေ၊ ကလေးတွေလည်း စာမေးပွဲမှဖြေနိုင်ကြရဲ့လားမသိပါဘူး၊ ကျွန်မ လည်း စိတ်မကောင်းဖြစ်မိပါတယ်၊ ကျောင်းသားကျောင်းသူလေးတွေရဲ့ မိဘတွေကတော့ စိုးရိမ်သောက ရောက်နေကြမှာပါရှင် ” ဟု ၎င်းမှ ဆက်လက်ပြောပြသည်။


KIA အဖွဲ့သည် မိုင်ဂျာယန်ဒေသရှိ ကျောင်းဆရာမများနှင့် ကျောင်းသားလူငယ်များအား ဖမ်းဆီးခေါ်ဆောင်၍ ၎င်းတို့၏ခံစစ်အတွက် တပ်စခန်းများအတွင်း ဆက်သွယ်ရေးမြောင်းများနှင့် ဗုံးခိုကျင်းများတူးရန် အာဏာပြ ခြိမ်းခြောက်စေခိုင်းခြင်းကြောင့် ကျောင်းသားကျောင်းသူများ၏ မိဘများနှင့်ဒေသခံများအနေဖြင့် စိုးရိမ်သောက ရောက်နေကြောင်းနှင့် KIA အဖွဲ့အပေါ် နာကြည်းမုန်းတီးစိတ်များဖြစ်ပေါ်နေကြောင်း သိရှိရပါသည်။


နော်ဂျာ

Kachin Daily News

Subscribe by Email

Follow Updates Articles from This Blog via Email

No Comments

About

Powered by Blogger.