Wednesday, October 5, 2016

thumbnail

အင်ဒို နီးရှားနို်င်ငံ မြို့ လည် TV ကြော်ငြာ မျက်နှာပြင်မှာ ဂျပန်အပြာဇတ်လမ်း ဖေါ်ပြခဲ့သူ ဟတ်ကာ တစ်ဦး အဖမ်းခံရ 


Breaking news on 5-10-2016

အင်ဒိုနီးရှားရဲတွေက ယနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အီလက်ထရောနစ် ပညာရှင် ကုမ္ပဏီ ၀န်ထမ်း SAR အသက် (၂၄)နှစ်ကို ဖမ်းဆီးခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့  နေ့လည်ပိုင်းက ဂျာကာတာမြို့  တောင်ပိုင်း မြို့ လည်ခေါင် လူစည်းကားရာ လမ်းဆုံက ကြော်ငြာTV မျက်နှာပြင်မှာ ဂျာပန် အပြာကား (လိင်ဆက်ဆံနေသည့်ရုပ်သံ)မိနစ်အတန်
ကြာပေါ်နေခဲ့ပါတယ်။

အာဏာပိုင်တွေဟာအဆိုပါနေရာကြော်ငြာTVရဲ့ ပင်မလျှပ်စစ်မီးလိုင်းကို ဖြတ်တောက်ခဲ့ရပါတယ်။ဘယ်လိုရည်ရွယ်ချက်နဲ့  ခုလိုလုပ်ခဲ့တယ် ဆိုတာကို ဆက်လက်စစ်ဆေး နေကြောင်းသိရပါတယ်။

လမ်းမကြီးပေါ်မှာ တတ်ဆင်ထားတဲ့ အကြီးစား ရုပ်သံ မျက်နှာပြင် jumbotron TV ကွန်ပြူတာာစနစ်ကို အသုံးပြုတဲ့ အမည်နဲ့  password and username ကုတ်နံပါတ်ကို ဖေါက်ဝင်ထိမ်းချုပ်ပြီး မိမိကြိုက်နှစ်သက်တဲ့ အရာကို အစားထိုး ပြသခဲ့တာပါ။

ရဲတပ်ဖွဲ့ က တရားလိုအဖြစ်တရားစွဲခဲ့ပါတယ်၊ ပြည်သူမြင်ကွင်းမှာ နှောင့်ယှက်မှု (၂၈၂ )နဲ့  အီလက် ထရော နစ် ဥပဒေ ပုဒ်မ (၂၇ ) အမှု နှစ်ခုနဲ့  တရားစွဲမှာဖြစ်ပြီး
ပြစ်မှုထင် ရှားတယ် ဆိုရင် ဟတ်ကာ တရားခံဟာ ထောင်ခြောက်နှစ်နဲ့ 
ဒဏ်ငွေ ဒေါ်လာ ($76,923). ခုနှစ်သောင်းကျော် ပေးဆောင်ရမှာဖြစ်ပါတယ်။

(SAW)
The Jakarta Post Online

Subscribe by Email

Follow Updates Articles from This Blog via Email

No Comments

About

Powered by Blogger.