ရခိုင်ပြည်နယ် သံတွဲ က မူလတန်းပြကျောင်းအုပ်ဆရာမကြီးတဲ့ 

ကင်ဆာဝေဒနာကြောင့် လစာမဲ့နဲ့ ရန်ကုန်မှာဆေးလာကုတာကြာပြီ

နေ့ စဉ်ဆန်ပြုတ်လာလာယူပြီး တပန်းကန်ကုန်အောင်စားလို့  ကျွန်မ ဝလာပါတယ်တဲ့ 


ကင်ဆာရောဂါက နာတာရှည်ဆိုတော့ သွေးစစ်ဆေးဝယ်ဖို့  အမြဲမတတ်နိုင်လို့  ကျွန်မကို လာပြောပြနေတယ် 


လိုအပ်တဲ့ဆေးကို ကျွန်မ ဝယ်လှူပါ့မယ် 

တလတကြိမ်ဝယ်ရရင်လည်းကျွန်မလှူပါ့မယ် ပြောထားလို့  ကျွန်မကိုဆေးဝယ်ဖို့  ဆေးဖိုးက (၇၀၀၀)လောက်ပဲ ကျပါမယ်တဲ့ 

ကျွန်မ ပိုပိုလိုလို ဆေးဖိုးအပြင်အဟာရရှိမဲ့ အစာဝယ်စားပါဆိုပြီးငွေ (၂၀၀၀၀)ပေးလိုက်ပါတယ် 


ငွေက မရှိ ဝေဒနာဆိုးကြောင့်အားငယ်နေတဲ့ဆရာမကြီး

ကျောင်းအုပ်ဆရာမကြီးဟာ မျက်ရည်ဖြိုင်ဖြိုင်ကျခဲ့တယ် 

ကျွန်မ လှူပေးတဲ့ငွေဟာနည်းပါတယ် ဒါပေမဲ့ ကျွန်မ မေတ္တာစေတနာကြောင့် သူဟာကလေးလေးပြန်ဖြစ်သွားတာ ကျွန်မသူရဲ့  အားငယ်စိတ်ကို ဖေးမပေးနိုင်ခဲ့ပါတယ် 


ကျွန်မ လှူနေတုန်း မ တင်မိုးအေးက လည်း လှူပါ့မယ်ဆိုပြီး (၅၀၀၀၀)ကျပ်ထပ်မံလှူဒါန်းပေးခဲ့တာမို့  

တဒင်္ဂသူ့ မျက်ရည် သူ့ အပူကို သုတ်ပေးနိုင်ခဲ့ပါတယ်


ဆရာမကြီး ကျန်းမာပါစေ


Shwe Kyar


ဟူ၍ Facebook သုံးစွဲသူ တစ်ယောက်မှ တင်ထားခဲ့ခြင်း ဖြစ်ပါတယ်။


MMBREAKINGNEWS



0 comments so far,add yours