========================== 

၂၀၁၆ နိုဝင်ဘာ (၃)ရက် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ၏ ကိုယ်ပွားဆီလီကွန်ရုပ်တုသည် ယနေ့ နံနက်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ရောက်ရှိခဲ့ပါပြီ ။ အဆိုပါ ဦးကျော်သူကိုယ်ပွားအား ပြည်မြို့ အနောက်ဖက်ကမ်းရှိ ရွှေဘုံသာမုနိဘုရားအနီးတွင် ဦးကျော်သူ ဦးစီးတည်ထားကိုးကွယ်လျှက်ရှိသော မဟာပဏီတ ပရဟိတအောင်တော်မူ စေတီတော်ကြီးရှိ သာသနာကုန်းတော်တွင် ထားရှိမည်ဖြစ်ပါသည် ။ ဦးကျော်သူ၏ ပုံတူဆီလီကွန်ရုပ်တု ကို ပြုလုပ်ပေးခဲ့သူမှာ ဗိုလ်ချုပ်အောင်ဆန်း ပုံတူဆီလီကွန်ရုပ်တုပြုလုပ်ခဲ့သော နိုင်ငံကျော် ပန်းပု ပန်းချီနှင့် မိတ်ကပ်ပညာရှင် ကိုအောင်ကျော်ထွန်း ဖြစ်ပါသည် ။ ဦးကျော်သူသည် နိုင်ငံခြားခရီးစဉ်များ နယ်ဒေသအသီိးသီးသို့ သွားရောက်၍ အယူသီးမှုများ ပရဟိတအတွေ့အကြုံများအား ဆွေးနွေးပြောကြားရန် သွားရောက်နေသော အချိန်များတွင် ဦးကျော်သူနှင့်အတူ အမှတ်တရဓါတ်ပုံ မရိုက်လိုက်ရသော အများပြည်သူ အလှူရှင်များအတွက် ရည်ရွယ်ကာ ထုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။ ထို့ကြောင့် တကယ့်ဦးကျော်သူ အစစ်ကဲ့သို့ ထင်ရလောက်အောင် အင်မတန်မှ တူသော ဦးကျော်သူ ကိုယ်ပွား ဆီလီကွန်ရုပ်တု နဲ့ အတူအမှတ်တရများစွာ ယူနိုင်တော့မည်ဖြစ်ပါသည် ။

  ဖြိုးဖြိုး (FFSS)


Credit နာရေးကူညီမှုအသင်း-ရန်ကုန်

0 comments so far,add yours