အင်တာနက် ကျေးဇူးနဲ့ ကျွန်မ ဒီ လိမ်နေတဲ့ သားအဖ ကို အခုကြုံခဲ့ပါပြီ ဓာတ်ပုံရိုက်တော့အတင်းပြေးပါတယ် စက်ဘီး ဘီးပေါက်နေတယ်ဆိုပြီး လိမ်စားနေတာ သတိထားကြပါ မြန်မာလူမျိုးတွေက အလွန်သနားတတ်ပါတယ် တကယ်တော့ ဒီသနားစိတ်ကပဲ ကိုယ့်လူမျိုးတွေကို နစ်ပြီးရင်း နစ်စေခဲ့တာပါ အချောင်ရနေမှန်းသိနေသူတွေဟာ အလုပ်လုပ်ချင်စိတ် မရှိတော့ပါဘူး ရှေ့ခြင်း ထဲက အမြဲအိပ်နေတတ်ပါတယ် အိပ်ဆေးပေးခံထားရတယ်လို့သံသယရှိပါတယ်
Mingalar Mandalay ပတ်ဝန်းကျင်မှာ လိမ်စားနေတာလို့ တစ်ခါ ဖတ်ဖူးပါတယ်(တစ်ခါတည်း ကူညီတဲ့ အနေနဲ့ အောက်က ကွန်မန့်မှာ ကိုယ်ခံရဖူးနဲ့ လိမ်နည်းနဲ့ နေရာလေးတွေ ရေးပေးကြပါလားရှင့် ကလေးဆေးရုံရှေ့မှာလည်း ကလေးကို အိပ်ဆေးပေးပြီး နေမကောင်းဘူး ဆိုပြီး တောင်းတာလည်း ရှိပါသတဲ့)
PS -တစ်ခုတော့ တောင်းဆိုချင်ပါတယ် သင်တို့ စေတနာ သန့်သန့်နဲ့ လှူခဲ့ ပြီးလို့ ကုသိုလ်ရခဲ့ ပြီးပါ ပြီ ကျွန်မ post ကြောင့် အကုသိုလ် မဖြစ်စေချင်ပါဘူးရှင် ဟူ၍ Pearl Lin အကောင့်တွင် တင်ထားပါသည်။

MMBREAKINGNEWS

0 comments so far,add yours