----------------------------
12.11.2016 ရက်နေ့ နံနက် (7:30) AM အချိန်ခန့် မော်လမြိုင်မြို့ ဈေးကြိုရပ် အမှတ်( - ) သုခလမ်းထိပ် မီးရထားလမ်းဘေးထောင့် နေအိမ်ဝင်း အတွင်းရှိ ရေတွင်းထဲတွင် အမျိုးသမီးကြီး တစ်ဦး၏ အလောင်း တလောင်း တွေ့ရှိခဲ့။

မော်လမြိုင် လူမှု့ကယ်ဆယ်ရေး Rescue အဖွဲ့ရုံးသို့ ဖုန်းဝင်လာသဖြင့် အဖွဲ့သားများမှ အခင်းဖြစ်နေရာသို့ ထွက်ခွာခဲ့ပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ စစ်ဆေးပြီးနောက် အလောင်းဆယ်တင်ရန် အနေအထားကြည့်ရာ ရေတွင်းမှာ အနည်းငယ်နက်ပြီး အောက်ဆီဂျင် ပြတ်တောက်နိုင်သဖြင့် မော်လမြိုင် ခရိုင်မီးသတ်တပ်ဖွဲ့ Rescue အဖွဲ့ထံ ဆက်သွယ် အကြောင်းကြားခဲ့ပြီး မီးသတ်တပ်ဖွဲ့ Rescue နှင့် မော်လမြိုင် Rescue အဖွဲ့တို့ ပူးပေါင်း၍ အလောင်းအား ဆယ်တင်ပေးခဲ့ပါသည်။

သေဆုံးသူမှာ မော်လမြိုင်မြို့ ဈေးကြို ဆန်တန်းရပ် ကျိုက်ခမီလမ်းမကြီး အမှတ် (70) နေ အဖွား ဒေါ်တင်လှ (78) နှစ်ဖြစ်ပြီး မနေ့ထဲက ပျောက်ဆုံးနေ၍ လူပျောက် ကြေငြာထားသူ ဖြစ်ကြောင်း သိရပါသည်။ ထို့အပြင် အဖွားမှာ ငွေကြေးချမ်းသာသူ ဖြစ်ပြီး အဖွား၏ အလောင်း တွေ့ရှိရာ နေရပ်နှင့် အခြားနေရာ တော်တော်များများတွင် ငွေချေးဌားထားကြောင်း သိရှိရပြီး ပျောက်ဆုံးစဉ် ဆွဲကြိုး နားကပ်နှင့် လက်စွပ်တို့ ပါဆုံးသွားပြီး ယခု အလောင်း ပြန်လည် ဆယ်ယူရရှိစဉ် တွင် နားကပ်နှင့် လက်စွပ်တို့အား ပြန်လည်တွေ့ရှိပြီး ဆွဲကြိုးမှာမူ ပျောက်ဆုံးနေကြောင်း သိရှိရပါသည်။

အလောင်းဆယ်ယူစဉ် ရဲတပ်ဖွဲ့နှင့် သက်သေများရှေ့ စစ်ဆေးချက်အရ ပြင်ပဒဏ်ရာ တစုံတရာ မတွေ့ရှိရကြောင်း ကနဦး စစ်ဆေးတွေ့ရှိရပါသည်။

သေဆုံးသူအလောင်းအား ဆယ်တင်ပြီးနောက် မော်လမြိုင် လူမှု့ကယ်ဆယ်ရေး Rescue အဖွဲ့ဝင်များမှ တောင်ပေါ်လမ်းလျှောက်အသင်း နာ/ကူ ယာဉ်ဖြင့် မော်လမြိုင် ပြည်သူ့ဆေးရုံကြီး OPD မှတဆင့် ရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ပြီး သေဆုံးသူ အဖွားထံမှ လက်စွပ်နှင့် နားကပ်အား ဖြုတ်ပေးပြီး သားသမီးများထံ အများရှေ့အပ်နှံပေးခဲ့။ ဖြစ်စဉ်နှင့် ပတ်သတ်၍ မုပွန် ရဲစခန်းမှ အမှု့မှန် ပေါ်ပေါက်ရေး ဆက်လက် စစ်ဆေး ဆောင်ရွက်နေကြောင်း သိရှိရပါသည်။

Zin Moe

0 comments so far,add yours