Wednesday, November 30, 2016

thumbnail

အင်းစိန်တွင် တစ်ဦးတည်းလျှောက်သွားနေသည့် ကလေးငယ်ကို ခေါ်ယူစောင့်ရှောက်ထားဟုဆို

၃၀..၁၁..၁၆

-

အင်းစိန်မြို့နယ်ရှိ ဈေးဝယ်စင်တာတစ်ခုတွင် အသက်၃နှစ်ကျော်

အရွယ် ကလေးငယ်တစ်ဦးတည်း လျှောက်သွားနေသည့်အတွက် အမျိုးသမီးတစ်ဦးမှ ခေါ်ယူစောင့်ရှောက်ထားကြာင်း သတင်းရရှိသည်။

ကလေးကို( နိုဝင်ဘာ ၁၀ရက် )ညပိုင်း အချိန်တွင်စတင်တွေ့ရှိ ခဲ့ခြင်း

ဖြစ်ပြီး ကလေးငယ်လက်အတွင်း အိတ်တစ်လုးံပါရှိကာ အဆိုပါအိတ်ထဲ

တွင် ကလေးဝတ်စုံတစ်စုံသာ ပါရှိကြောင်း ကလေးငယ်ကို ထိန်း သိမ်းစောင့်ရှောက်ထားသူ အမျိုးသမီးက ပြောသည်။

-

"ကလေးကငယ်ပြီးတော့ စကားကိုတိတိကျကျ မပြောတတ်သေးဘူး။ လေယာဉ်ကိုမြင်ရင်တော့"ဖေဖေ"ဆိုပြီးပြောတာမျိုးတွေ ရှိတယ်။ လူတော့ မကြောက်တတ်ပါဘူး။ နာမည်မေးတာတော့ မရဘူး။ ရပ်ကွက်နဲ့ရဲစခန်းကိုတော့ အကြောင်းကြားထားပါတယ်"ဟု ၄င်းအမျိုးသမီးကပြောသည်။

-

ကလေးငယ်ကို စတင်ကောက်ရခဲ့သည့် အမျိုးသမီးမှာ နေအိမ်တွင် အ၀တ်လိုက်လံ လျှော်ဖွတ်သည့် အမျိုးသမီးမှ စတင်ကောက်ရခဲ့ခြင်း ဖြစ်ပြီးကလေးမိဘနှင့်ဆွေမျိုးများ သိရှိနိုင်ရန်အတွက် လူမှုကွန် ရက်တွင် အကူအညီတောင်းခံခဲ့ခြင်း ဖြစ်ကြောင်း လူမှုကွန်ရက်

စာမျက်နှာတွင် ကလေးငယ်ပုံတင်ခဲ့ သော အမျိုးသမီးတစ်ဦး

ကပြောသည်။

-

"ဖုန်းတွေဆက်ပြီး မေးတဲ့သူတွေတော့ အများကြီးပါ။ တစ်ချို့ကလည်း ကလေးကချစ်စရာကောင်းတော့ မွေးစားချင်တယ်ဆိုပြီး တောင်းတဲ့

သူတွေလည်းရှိပါတယ်။ဒီနေ့(နိုဝင်ဘာ၃၀)ရက်မနက်ကတော့ထား ၀ယ်ကဖုန်းဆက်တယ်။ သူတို့ကလေးနဲ့ တူတယ်လို့ပြောပါတယ်။

ခုချိန်ထိတော့ ရောက်မလာသေးပါဘူး"ဟု ၄င်းအမျိုးသမီး

ကပြောသည်။

-

ကလေးငယ်မိဘ ဆွေမျိုးများအနေဖြင့် မိသားစုဝင်ဖြစ်ကြောင်း သက်ဆိုင်ရာ ခိုင်လုံသော အထောက်အထားများနှင့် တကွ အုပ်ထိန်း

သူများမှ ဖုန်း 0973087647၊09264857773 သို့ဆက်သွယ်

နိုင်ကြောင်း သိရသည်။

===========

7Day News Journal

Subscribe by Email

Follow Updates Articles from This Blog via Email

No Comments

About

Powered by Blogger.