အကြမ်းဖက်တိုက်ခိုက်သူ သုံးဦးနဲ့ မသင်္ကာဖွယ်ရာလူ ငါးဦးဖမ်းဆီးမိခဲ့တာပါ။

အောက်တိုဘာလ ၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မောင်တောအကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွေမှာ ပါဝင်ခဲ့သူတွေနဲ့ မသင်္ကာသူတွေကို ဆက်လက်ဖမ်းဆီးရမိခဲ့တယ်လို့ တပ်မတော်ပိုင် မြ၀တီသတင်းစာရဲ့ဖော်ပြချက်အရ သိရပါတယ်။

မောင်တောမြို့နယ်ထဲမှာ အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ သုံးဦးနဲ့ မသင်္ကာဖွယ် ဘင်္ဂါလီတစ်ဦး၊ ရသေ့တောင်နဲ့ မောင်တောမြို့နယ် ထဲမှာ မသင်္ကာဖွယ်ရာ လူလေးဦးတို့ကို နိုဝင်ဘာ ၁၀ ရက်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေ လုပ်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နိုဝင်ဘာလ ၁၀ ရက်က ဆူခါလီ(ဘင်္ဂါလီ)ကျေးရွာက မူဟာမက်အီဆုတ်ရဲ့ နေအိမ်ကို ၀င်ရောက်ရှာဖွေ စစ်ဆေးရာမှာ မူဟာမက်အီဆုတ် (ဘ)ဆွေယော့နူလာ၊ ရာမက်ဒူလာ(ဘ) မိုဟာမက်အီဆုတ်နှင့် နော်ဇီမူလာ(ဘ) မိုဟာမက်အီဆုတ်တို့ ၃ ဦးကို လက်နက်ခဲယမ်းတွေနဲ့ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိတဲသူ သုံးဦးကို  ထိပ်ဖူးဖြုတ်ထားတဲ့ ဒသမ ၃၀၃ ကျည်ခွံ ၄၂ ခု၊ ဒသမ ၃၀၃ ကျည်ဖူး ခုနှစ်ခု၊ RZL လက်ကိုင် စကားပြော စက်တိုင်တို တစ်ချောင်း၊ သစ်သားမှိန်းတစ် ချောင်း၊ ၀ါးမှိန်း တစ်ချောင်း၊ သံမှိန်း နှစ်ချောင်း၊ ဓားမကြီး လေးချောင်း၊ ဓားမြှောင် သုံးချောင်း၊ အိပ်ဆောင်ဓားအသေး နှစ်ချောင်း၊ အရိုးမပါ လှံသွား တစ်ချောင်းနှင့် လေးမြှောင့် ဆူးချွန် နှစ်ချောင်းတို့နဲ့ အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

Source & Photo : DVB

0 comments so far,add yours