ဝေဠုကျော်ဖောင်ဒေးရှင်း(ပခုက္ကူရေအလှူတော်အဖွဲ့)ဝင်တစ်ဦးဖြစ်သောကုသိုလ်ဖြစ်ရေအလှူတော်ကားမောင်းနှင်သောကိုဝင်းနိုင်ဓါးထိုးခံရ၍မန္တလေးဆေးရုံကြီးသို့လွှဲပြောင်းဆေးကုသမှုခံယူရန်ယနေ့ည(10:30)အချိန်ကပခုက္ကူဆေးရုံကြီးမှထွက်ခွာ 

ဖြစ်စဉ်မှာရေအလှူတော်ကားဘုန်းကြီးကျောင်းတွင်ရေလှူပြီးအပြန်လမ်းဆင်ပေါက်လှ(6)လမ်းတွင်ရပ်ထားသောLight Truckကားအားကျော်တက်တာကိုမိုက်ကယ်မလို့ကျော်တာလားဆိုပီးစကားများရာကနေဓားနဲ့ဝိုင်းထိုးတယ်လို့သိရပါတယ် အခြေအနေတော့အတော်စိုးရိမ်ရတယ်ပြောပါ အကိုကိုဝင်းနိုင်အမြန်ဆုံးသက်သာပါစေဗျာ အကိုပြုလုပ်ခဲ့သမျှကောင်းမှုကုသိုလ်တွေကအကိုအပေါ်ပြန်လည်သက်ရောက်ပါစေ ဘယ်သူမှားတယ်ဘယ်သူမှန်တယ်ဆိုတာကျနော်ကိုယ်တိုင်မမြင်လိုက်ရလို့မသိပေမဲ့ ကိုဝင်းနိုင်အကြောင်းကိုကျနော်သိတယ် သူကပျော်ပျော်နေတတ်တယ် ဒီနှစ်နွရောသီရေရှားပါးတဲ့ဒေသတွေဖြစ်တဲ့မြိုင်မြို့နယ်၊ပခုက္ကူမြို့နယ်၊ညောင်ဦးမြို့နယ်စတဲ့ဒေသအသီးသီးကိုနေ့မနားညမနားကားမောင်းပေးကုသိုလ်ပြုနေတဲ့သူပါ စကားလည်းအင်မတန်နည်းသူပါ ဘယ်သူမှားတယ်မှန်တယ်တော့ကိုယ်တိုင်မမြင်ရလို့မသိပါ အကိုရေအမြန်ဆုံးသက်သာပါစေ

နိုင်ထက်အောင်(ခ)လပြည့် ဝေဠုကျော်ဖောင်ဒေးရှင်း(ပခုက္ကူရေအလှူတော်အဖွဲ့)


သတင်းနှင့်ပြန့်ကြားရေးတာဝန်ခံ

MMBREAKINGNEWS

0 comments so far,add yours