Friday, November 25, 2016

thumbnail

ရန်ကုန်၌ နိုဝင်ဘာ ၂၄ရက် နံနက်ပိုင်းအတွင်းယာဉ်မတော် တဆမှုနှစ်မှု ဖြစ်ပွား၊ တစ်ဦးသေဆုံး

မြောက်ဒဂုံ၊ နိုဝင်ဘာ ၂၄

ရန်ကုန် စည်ပင်နယ်နိမိတ်အတွင်း နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်းက ယာဉ်မတော် တဆမှုနှစ်မှုဖြစ်ပွားကာ တစ်ဦးသေဆုံး ခဲ့ကြောင်း သိရသည်။ယာဉ်မတော်တဆမှုမှာ ထောက် ကြန့်နှင့်မြောက်
ဒဂုံမြို့နယ်တို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ခရီးသည်တင် ယာဉ်လိုင်းများက စတင်တိုက်မိရာမှ ဖြစ်ပွားရခြင်းဖြစ်ကြောင်း သိရသည်။

ထောက်ကြန့်၊ ပြည်လမ်းမကြီး ပေါ်တွင် ဖြစ်ပွားခဲ့သည့်ယာဉ်တိုက် မှုဖြစ်စဉ်ကြောင့် လူတစ်ဦး သေဆုံး ခဲ့ကာ ယာဉ်တိုက်မှုဖြစ်စဉ်နှစ်ခုစလုံး၌ ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း သိ ရသည်။နိုဝင်ဘာ ၂၄ ရက် နံနက် ၁၁  နာခွဲခန့်က ထောက်ကြန့်မှရန်ကုန် ဘက်သို့မောင်းနှင်လာသော အောင် တံခွန်တိုက်ကြီး-ရန်ကုန်ယာဉ်လိုင်း သည်

ပျဉ်းမပင်မှတ်တိုင်အနီးအ ရောက် ယင်းရှေ့မှမောင်းနှင်နေသော ဟိုက်ဂျက်အဖြူရောင်ကိုယ်ပိုင်ယာဉ် ကိုဝင်တိုက်မိခဲ့ပြီး ဟိုက်ဂျက်အဖြူ ရောင် ကိုယ်ပိုင်ယာဉ်မှဘယ်ဘက် တွင်ရပ်ထားသော ဒိုင်နာယာဉ်အား ထပ်မံတိုက်မိခဲ့ကြောင်း ယာဉ်မှုစစ်ရဲ အုပ်မြင့်ကျော်ဦးက နိုဝင်ဘာ ၂၄ ရက်တွင် ဒီမိုကရေစီတူဒေးသို့ပြော သည်။

""လိုင်းကားကအရှိန်မထိန်းနိုင် ဘဲ ရှေ့ကကားကိုဝင်တိုက်မိတာ။ အခုတော့ယာဉ်မောင်းကိုစုံစမ်းနေဆဲ ဖြစ်ပါတယ်""ဟု၎င်းင်းကပြောသည်။
ယင်းဖြစ်စဉ်ကြောင့် ဟိုက်ဂျက် ကိုယ်ပိုင်ယာဉ်မောင်းမှာ အခင်းဖြစ် ပွားသည့်နေရာတွင် သေဆုံးသွားခဲ့ ပြီး အောင်တံခွန်တိုက်ကြီး-ရန်ကုန် ယာဉ်မောင်းနှင်သူမှာ ယာဉ်ကိုထား ကာ ထွက်ပြေးတိမ်းရှောင်
သွားခဲ့ ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် အောင် တံခွန်တိုက်ကြီး-ရန်ကုန်ယာဉ်မှ ယာဉ် မောင်း(စုံစမ်းဆဲ)အား ထောက်ကြန့် မြို့နယ်နယ်မြေရဲစခန်းမှယာဉ်(ပ) ၇၇/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄ (က)၊ ၂၇၉၊ ၂၀၂တို့ဖြင့် အမှုဖွင့်  ထားကြောင်း သိရသည်။

ယင်းအပြင်နိုဝင်ဘာ ၂၄ ရက် နံနက်၈နာရီအချိန်ခန့်က မေတ္တာ လှိုင်းအမှတ်(၁)ယာဉ်လိုင်းမှ ယာဉ် တစ်စီးသည် မြောက်
ဒဂုံကားဂိတ်မှမြို့ထဲဘက်သို့အသွား မြောက်ဒဂုံစစ် တောင်းလမ်းမှတ်တိုင်အနီး City Mark  ရှေ့အရောက်တွင် ရှေ့ကားကိုကျော် တက်ရာမှ မျက်နှာချင်းဆိုင်မှတက္ကစီ အား တိုက်မိကာ လမ်း၏ဘယ်ဘက် ခြမ်းရှိ ဆက်သွယ်ရေးတာဝါတိုင်နှင့်လမ်းဘေးဈေးဆိုင်တစ်ဆိုင်၏ နေ ရောင်ကာအမိုးအား ၀င်တိုက်မိခဲ့ ကြောင်း မြောက်ဒဂုံမြို့နယ် ယာဉ် ထိန်းရဲတပ်ဖွဲ့ရုံးမှ ရဲအုပ်နေလင်း ထွန်းက ပြောသည်။

""ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူတစ်ဦးမှမရှိပါ ဘူး""ဟု၎င်းင်းကပြောသည်မေတ္တာလှိုင်းယာဉ်နှင့်တက္ကစီ ယာဉ်တို့မှာ ကားခေါင်းများ ကြေမွ ပျက်စီးသွားခဲ့ပြီး ဆက်သွယ်ရေးတာ ၀ါတိုင်ကျိုးပဲ့ပျက်စီးသွားကာ  ဈေး ဆိုင် နေရောင်ကာအမိုး(Sunshade)
ပျက်စီးသွားခဲ့သည်။ မေတ္တာလှိုင်း ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင် သွားခဲ့ကြောင်းသိရသည်။ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး မေတ္တာလှိုင်းယာဉ်မောင်းအား မြောက် ဒဂုံမြို့မရဲစခန်းမှရာဇသတ်ကြီးပုဒ်မ ၂၇၉/၂၀၂ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

TTMT,ZLH
Democracy today

မြောက်ဒဂုံ စစ်တောင်းမှတ်တိုင်အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားနေစဉ်။

ဓာတ်ပုံ-အုတ်ကျော်ဟိန်းဖေ့စ်ဘွတ်ခ်


Subscribe by Email

Follow Updates Articles from This Blog via Email

No Comments

About

Powered by Blogger.