ကြေကွဲစရာ အခိုက်အတန့် ပါ

ရင်ထဲ မချိလို့ ရေစက်ခွက် ကိုင်ထားရင်း

ငို ခဲ့ မိတယ်- ကြုံနေကျ အဖြစ်အပျက်ထဲက

တစ်ခု ဆိုပေမယ့် ဘာနဲ့ မှ မတူတဲ့ ၀မ်းနည်း

မှုက အဖေတစ်ယောက် ရဲ့ ခံစားမှုမျိုး

ရင်ထဲမှာ ဗလောင်ဆူ ခဲ့တယ်


-


လှပတဲ့ မျက်နှာပိုင်ရှင် သမီးငယ်ဟာ

ဒီလောက်တောင် အဖြစ်ဆိုးသလား

- ဘာအပြစ်မှ မလုပ်ရပါဘဲ ကံဆိုးမှုက

တခုပြီး တခု - 

-


ဒီကလေးငယ်လေး လာခြင်း

မကောင်းပေမယ့် ဒီလောကထဲက အပြန် 

ရသင့်ရထိုက်တဲ့ ကုသိုလ်တရားတွေ 

ရနိုင်ဖို့ ဒီနေ့ တတ်စွမ်းသလောက်

ကုသိုလ်တွေ - လုပ်ပေးခဲ့ပါတယ်


-

ဆရာတော် တပါးကို ပင့်

သင်္ကန်း ပရိက္ခရာ အစုံအလင် မှာ

သစ်သီး နဲ့ အချိုပွဲ တွေ ကို ထည့်

လိုသောနေရာမှာ လိုရာသုံးနိုင်ဖို့ 

န၀ကမ္မ အလှူငွေတွေဟာ ကလေးငယ်ရဲ့

နောက်ဆုံး အချိန်အတွက် ကလေးကိုယ်တိုင်

ပြုလုပ်ခွငိ့ ရအောင် စီစဉ်ပေးခဲ့တဲ့

အလှူဒါနလေးပါ


-


ခေါင်းထဲ တစ်နေ့ ထက် တစ်နေ့ 

များပြားလာတဲ့ " ပြည် " တွေဟာ 

ကလေးငယ် ရဲ့ အသက်ရှင်နေထိုင်ခွင့်ကို

တစတစ ဖဲ့ချွေလာခဲ့တယ်- ခုတော့

ဆေးရုံက လက်လျှော့ခဲ့ပြီး နောက်ပိုင်း

သေမယ့် အချိန်ကိုသာ ထိုင်စောင့်

နေခဲ့ရပါပြီ


-


ဒီလို ကလေးလေးရဲ့ နာမည်က

သီတာစင် ..... တဲ့- 


-


သူ့ ကို မိဘအရင်းကိုယ်တိုင် ဆေးရုံမှာ

ပစ်သွားခဲ့တယ်- ဂေဟာတခုက စောင့်

ရှောက်ထားပြီး မကြာခင် ဦးခေါင်း ဝေဒနာ

တခုရခဲ့တာ- ခု သူရဲ့ အသက်က ၂ နှစ် နဲ့ 

သုံးလ - အသက်နဲ့ မလိုက်ဖက်စွာ ဝေဒနာ

က့ မချိမဆန့် - နေ့ စဉ်အမျှ့ သူ့ ပါးစပ်

လေးကို ဟပြီး နာနာကျင်ကျင်

အော်နေရရှာ တယ်


-


သူ့ ဆေးဖိုး နဲ့ လိုတာလေးတွေ

ဖြည့်စွမ်းလှူဒါန်းပေးနေစဉ်မှာဘဲ

ခုလို အနေအထားက တဖြေးဖြေး

နီးကပ်လာခဲ့တာပါ


-


ခုတော့ အချိန်လေးတခုကိုသာ

စောင့်နေရပါပြီ


-


ဒီလို ဘ၀ ဒီလို ကံ ဟာ

ဒီဘ၀နောက်ဆုံးသာ

ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်


-


သမီးငယ်လေး သီတာစင်

ကောင်းမွန်စွာ အိပ်စက်နိုင်ပါစေ

ဖိုးဇော် 09795405022

၅-၁၁-၂၀၁၆ ဟူ၍ Phoe Zaw အကောင့်ပိုင်ရှင်မှ လူမှုကွန်ယက်ပေါ်တွင် တင်ထားပါသည်။


AML

MMBREAKINGNEWS

0 comments so far,add yours