Thursday, November 24, 2016

thumbnail

နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဇနီးတွေကို စစ်ပညာသင်တန်းပေး

၂၄..၁၁..၁၆

-

မောင်တောမှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဇနီးတွေကို နယ်ခြားစောင့်ရဲဌာနချုပ်မှာ အခြေခံစစ်ပညာသင်တန်းတွေ သင်ကြားပေးနေတယ်လို့ သိရပါတယ်။

-

မောင်တောမြို့နယ် ကျီးကန်းပြင်ကျေးရွာအခြေစိုက် အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲမှု အဖွဲ့မှူးရုံးရဲ့ လက်အောက်မှာ တာဝန်

ထမ်းဆောင်နေတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဇနီးတွေကို သင်ကြားပေးနေတာဖြစ်ပြီး သင်တန်းကာလဟာ တစ်လကျော် ကြာမြင့်မှာ ဖြစ်ပါတယ်။

-

မိမိကိုယ်ကိုယ် ခုခံကာကွယ်နိုင်ဖို့ ရည်ရွယ်ပြီး အခုလို အခြေခံစစ်ပညာ

သင်တန်း ဖွင့်လှစ်တာဖြစ်ကာ ဇနီးသည်တွေအနေနဲ့ အခြေခံစစ်ပညာ

ကို တတ်သင့်တတ်ထိုက်တဲ့အတွက်လည်း ဖွင့်လှစ်တာ ဖြစ်တယ်လို့ နယ်ခြားစောင့် ရဲအရာရှိတစ်ဦးက ပြောထားပါတယ်။

-

မောင်တောခရိုင်နဲ့ မြို့နယ်ရဲတပ်ဖွဲ့စခန်းတွေမှာ တာဝန်ထမ်းဆောင်

နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဇနီးသည်တွေလည်း အခြေခံစစ်ပညာ

သင်တန်း တက်ရောက်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

=========

 7Day Daily

Subscribe by Email

Follow Updates Articles from This Blog via Email

No Comments

About

Powered by Blogger.