ရန်ကုန်၊ နိုဝင်ဘာ ၁၄


၁၄.၁၁.၂၀၁၆ ရက်နေ့ တန်ဆောင်မုန်းလပြည့်နေ့တွင် ရွှေတိဂုံစေတီတော်

သို့ ဘုရားဖူးလာသူပြည်သူများ စိတ်အေးချမ်းမြေစွာဖြင့် ဘုရားဖူးနိုင်ရန်

အတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များသည်

စေတီတော်ပုရ၀ဏ်အတွင်း ခိုး၊ ဆိုး၊ လု၊ နှိုက်များအား ထိမ်းသိမ်း

အရေးယူနိုင်ရေး သတင်းစုံစမ်းဆောင်ရွက်စဉ် ဗဟန်းမြို့နယ်၊ မြို့မ

ရပ်ကွက်၊ ကြားတောရလမ်း၊ ပညာရေးဓမ္မာရုံရှေ့၌ မသင်္ကာဖွယ်

တွေ့ရှိသူ ဒလမြို့နယ်နေသူများဖြစ်သည့် ဆိုးပေ(ခ)မျိုးမောင်မောင်၊ 

(၂၃)နှစ်နှင့် မျက်မှေး(ခ)မင်းဇော်၊ (၃၂)နှစ်တို့(၂)ဦးအား စစ်မေးရှာဖွေရာ 

ဆိုးပေ(ခ)မျိုးမောင်မောင်၏လွယ်အိတ်အတွင်းမှ ငွေကျပ်(၁၁၀၀၀)ပါ 

ပိုက်ဆံ အိတ်(၁)လုံး၊ အမျိုးသားတစ်ဦး၏အမည်ပါ ဘဏ်ငွေထုတ်ကတ်

(၁)ခုတို့အား တွေ့ရှိရပြီး အဆိုပါငွေနှင့် ပစ္စည်းမှာ ဘုရားဖူးလာသူ 

အမျိုးသားတစ်ဦးထံမှ အတူတကွနှိုက်ယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရ

ပါသည်။


ယင်းသို့ ကျူးလွန်သူ ဆိုးပေ(ခ)မျိုးမောင်မောင်နှင့် မျက်မှေး(ခ)မင်းဇော်

တို့(၂)ဦးအား ဗဟန်းမြို့မရဲစခန်း(ပ) ၃၄၂/၂၀၁၆၊ ရာဇသတ်ကြီး

ပုဒ်မ-၃၇၉(နှိုက်)/၅၄ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း 

သတင်းရရှိ ပါသည်။

0 comments so far,add yours