=============================
မောင်တော၊ နိုဝင်ဘာ ၁၃
=============================

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းရှိ ၀ါးပိတ်ကျေးရွာမှ အိမ်များအား အကြမ်းဖက်များက မီးရှို့ဖျက်ဆီးကာ အများပြည်သူတို့ အထင်အမြင်လွဲမှားစေရန် နှင့် ပြည်ပအဖွဲ့အစည်းများထံမှ အကူအညီများရရှိစေရန် ရည်ရွယ်လုပ်ဆောင်ခဲ့ကြောင်းသိရသည်။

ဝါးပိတ်ကျေးရွာတွင်းသို့ အကြမ်းဖက် ဆယ်ဦးမျှ ၀င်လာကြောင်းသတင်းရရှိသဖြင့် ယနေ့ မွန်းလွဲ ၄နာရီ ၅၀မိနစ်ခန့်က တပ်မတော်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့မှ ပြန်လည်ရှင်းလင်းခြင်းကြောင့် အကြမ်းဖက်များသည် ရွာတွင်းရှိအိမ်များကို မီးရှို့ဖျက်ဆီးကြပြီး ဇင်ပိုင်ညာရွာဖက်သို့ထွက်ပြေးသွားကြသည်။

မီးလောင်မှုကို ပူးပေါင်းတပ်ဖွဲ့ဝင်များက ၀ိုင်းဝန်းငြိမ်းသတ်ကြသဖြင့် ညနေ ၆ နာရီခန့်တွင် မီးညွန့်ကျိုးသွားခဲ့သည်။

အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများမီးရှို့ဖျက်ဆီးမှုကြောင့် ၀ါးပိတ်ရွာရှိ အိမ်ခြေ ၈၀ ခန့်မီးလောင်ပျက်စီးခဲ့သည်။

===================

PN
ref: ကကပြည်

Popular News Journal

0 comments so far,add yours