-----------------------------

စစ်​​တွေမြို့ ဘင်္ဂလီ​ကျေးရွာတခုဖြစ်​တဲ့ ဒါးပိုင်​​ကျေးရွာမှာ ယ​နေ(နိုဝင်​ဘာလ ၇) ရက်​ မနက်​အာရုဏ်​ ၂း၀၀ အချိန်​မှာ ​ဈေးဆိုင်​ခန်း​တွေနဲ့ ​နေအိမ်​​တွေ မီး​လောင်​ကျွမ်းမှု တခုဖြစ်​ပွားခဲ့​ကြောင်း သိရပါတယ်​။


 အဆိုပါ မီး​လောင်​ကျွမ်းမှု​ကြောင့်​ ဒါးပိုင်​ ဘင်္ဂလီ​ကျေးရွာက ​အနည်းဆုံး ​နေအိမ်​ ၂ လုံး နဲ့ ​ဈေးဆိုင်​ခန်း​တွေ မီး​လောင်​ကျွမ်းခဲ့ရပြီး၊မနက်​ ၃း၃၀ အချိန်​ခန့်​မှာ ငြိမ်းသတ်​နိုင်​ခဲ့တယ်​လို့ သိရပါတယ်​။


မီး​လောင်​ကျွမ်းမှုကို သိရင်​သိချင်း စစ်​​တွေမြို့နယ်​ မီးသတ်​ တပ်​ဖွဲ့တပ်​ဖွဲ့သွား​ရောက်​ပြီး၊တပ်​မ​တော်​သား​တွေ၊ရဲတပ်​ဖွဲ့ဝင်​​တွေ ဝိုင်းဝန်းငြိမ်းသတ်​ခဲ့တယ်​လို့ မီးသတ်​တပ်​ဖွဲ့ဝင်​တဦးက​ပြောပါတယ်​၊


မီး​လောင်​ရတဲ့အ​ကြောင်းအရင်းကို​တော့ မသိရှိရ​သေးဘဲ ​ပေါ့ဆမီး၊မီးကြွင်းမီးကျန်​က​နေ ​လောင်​တာဖြစ်​နိုင်​တယ်​လို့ ဒါးပိုင်​​ကျေးရွာက ဘင်္ဂလီတဦးက​ပြောပါတယ်


ဒါးပိုင်​ ဘင်္ဂလီ​ကျေးရွာဟာ၊ ဘင်္ဂလီ​တွေ သီးသန့်​​နေထိုင်​တဲ့ ​ကျေးရွာဖြစ်​ပြီး၊ဘင်္ဂလီရပ်​ကွက်​တခုဖြစ်​တဲ့ ဘု​မေရပ်​ကွက်​က​နေပီး သက္ကယ်​ပြင်​၊​ဗောဒူပ​စတဲ့ ဘင်္ဂလီ​ကျေးရွာ​တွေကို သွားတဲ့ လမ်းမှာ ရှိတဲ့ ​ကျေးရွာတခုဖြစ်​ပါတယ်


ဓါတ်​ပုံ...ဖိုးသီဟ

ဖိုးသီဟ(မြတ်​သူထွန်း)

0 comments so far,add yours