Wednesday, November 30, 2016

thumbnail

ဆီလီကွန်အရုပ်တွေဟာ လူမှုဝန်းကျင်ညစ်ညမ်းမှုဖြစ်ပါက အရေးယူမည်

၁..၁၁..၁၆
-
အမျိုးသမီး ဆီလီကွန်အရုပ်တွေကို မြန်မာနိုင်ငံမှာ နေပြည်တော်ကနေ အ၀ယ်အများဆုံး ဖြစ်တယ်လို့ သတင်းတွေမှာဖော်ပြခြင်း ခံရပြီး
နောက်မှာ အကောက်ခွန်ဦးစီးဌာနမှ လုမှုပတ်ဝန်းကျင်တွေ ညစ်ညမ်း
မှုများဖြစ်ပေါ်လာပါက အရေးယူတာတွေပြုလုပ်သွားမယ်လို့အကောက်
ခွန်ဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစန်းလွင်က
ပြောပါတယ်။
-
“အကောက်ခွန် ဦးစီးဌာနရဲ့ဥပဒေထဲမှာ ညစ်ညမ်းတဲ့စာရွက်စာတမ်း
တွေ၊ပတ်ဝန်းကျင်ညစ်ညမ်းတဲ့ ပစ္စည်းတွေပါမယ်ဆိုရင် အရေးယူလို့
ရတယ်လို့ပါတယ်။ပတ်ဝန်းကျင်အန္တရာယ်ဖြစ်လာနိုင်တယ်ဆိုရင်တော့ တားဆီးထိန်းသိမ်းတာတွေလုပ်ဆောင်သွားမယ်”လို့ ဒုတိယညွှန်ကြား
ရေးမှူးချုပ် ဦးစန်းလွင်က ဒီကနေ့ ရန်ကုန်မြို့မှာအကောက်ခွန်
ဦးစီးဌာနမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
-
သိန်း ၃၀ခန့် တန်ဖိုးရှိတဲ့ဆီလီကွန်အမျိုးသမီးအရုပ်( sex-dolls)တွေဝယ်အများဆုံးဆိုပြီး သတင်းဌာန တစ်ခုကနေ ဖော်ပြရာကနေ စတင် ပြီး လူမူကွန်ယက်စာမျက်နှာတွေမှာလည်း ဆီလီကွန်အရုပ်
နဲ့ပတ်သတ်တာတွေက နာမည်ကြီးပြီးဝေမျှမှုအများဆုံးအကြောင်း
အရာတစ်ခုလည်းဖြစ်ပါတယ်။
====
ကုမုဒြာ

Subscribe by Email

Follow Updates Articles from This Blog via Email

No Comments

About

Powered by Blogger.