မုံရွာ၊ နိုဝင်ဘာ ၁၆။
ဟိန်းလင်းသန့်

မုံရွာမြို့ ပြည်ထောင်စုလမ်းနှင့် ညောင်ကိုင်းအင်းဖြတ်လမ်းတွင် ကုန်ကားမှာ အင်းဖြတ်လမ်းသို့အတက်၊ မုံရွာဘူတာသို့ ၀င်လာသော ပခုက္ကူ -မုံရွာအဆန် ရထားတို့ ယနေ့နံနက် ၁၀နာရီခန့်က ချိတ်တိုက်မိပြီး  သံလမ်းတစ်လျောက် ပါသွားကာ ကားစပါယ်ယာ သေဆုံးသွားကြောင်း မုံရွာမြို့မရဲစခန်းမှ သတင်းရရှိသည်။

လော်ကယ်ရထားပေါ်မှ ခရီးသည်များမှာဒဏ်ရာ မရရှိသော်လည်း ကားမောင်း လာသော ဒရိုင်ဘာနှင့် စပါယ်ယာတို့တွင် ဒရိုင်ဘာသာ ကားပြင်ထွက်နိုင်ပြီး  ဒီပဲယင်းမြို့နယ်၊ လိပ်သဲခုတ်ရွာမှ အသက် ၂၅နှစ်အရွယ် စပါယ်ယာ အဲဖိုးမှာ ကားထဲတွင် ညှပ်ပိတ်မိနေခဲ့ခြင်း ဖြစ်သည်။

"ရဲစခန်းအကြောင်းကြားတော့ စပါယ်ယာက ခြေထောက်နှစ်ဖက်လုံးညပ်နေတော့ ထွက်မရဘူး။ ရေတော့ တောင်းသောက်တယ်။ ရဲတွေလာပြီး ကရိန်းနဲ့မတာ မရဘူး။ ရထားနဲ့ လမ်းက သစ်ပင်ကြားမှာ ကားက ညှပ်ပိတ်ပြီး စောင်းနေတာ၊ နောက်ထပ်ကရိန်းကြီးထပ်မှာပြီ မ ထုတ်ရတယ်၊ စပါယ် ယာ က သွေးထွက်လွန်ပြီးဆေးရုံအရောက်ေ
မှာ သေသွားတာပါ "ဟု လိုက်ပါ ကူညီဆောင်ရွက်သူတစ်ဦးက ပြောသည်။

လွန်ခဲ့သည့် ၂နှစ်ခန့်ကလည်း ၄င်းနေရာတွင် ရထားနှင့် ကား၊ ရထားနှင့်ဆိုင်ကယ်၊ စက်ဘီးတို့တိုက်မိပြီး ကျောင်းပြန်လာသော ကျောင်းသူတစ်ဦး ရထားကြိတ်မိ၍ သေဆုံးခဲ့ဖူးသည်။

"အဲဒီနေရာက ပြည်ထောင်စုလမ်းက တက်ရင် အတက်ကြီးဆိုတော့ အရှိန်နဲ့ တက်ရတာ။ ရုတ်တရက်မှ မြင်လိုက်ရင် ရပ်လို့မရဘူး။ ရပ်ရင် အောက်လျောကျမှာ"ဟု ၄င်းနေရာရှိ ဈေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကားဒရိုင်ဘာ ငြိမ်းချမ်း (၂၈)နှစ်၊ ကနီမြို့နယ်နေသူအား မုံရွာရထားဘူတာ ဒုရုံပိုင်မှ မြို့မရဲစခန်းတွင် မီးရထား ဥပဒေဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ဓာတ်ပုံ-ဟိန်းလင်းသန့်

#CentralNewsMyanmar
#MonywaNews

0 comments so far,add yours