အသက် ငါးဆယ်အရွယ် Fatai Busari ဆိုတဲ့ နိုင်ဂျီးရီးယားနိုင်ငံသားဟာ ရည်းစားဖြစ်သူကို သေဆုံးစေတဲ့အထိ အချစ်ကြမ်းမိလိုက်တဲ့အတွက် ထောင်နန်းစံလိုက်ရပြီ ဖြစ်ပါတယ်။ ၎င်းဟာ အသက် ၄၈ နှစ်အရွယ် သူ့ရဲ့ရည်းစား Sadiat Adejuwon နဲ့ မဆက်ဆံခင်မှာ အင်္ဂါကြီးဆေးသုံးစွဲပြီး ဆက်ဆံခဲ့တာကြောင့် အခုလိုဖြစ်ခဲ့ရတာလို့ နိုဝင်ဘာ ၂ ရက်က Mirror သတင်းဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

ပုံ - အခင်းဖြစ်ရာ Ibaden မြို့၊ နိုင်ဂျီးရီးယား။

တရားရုံးမှာ ထွက်ဆိုချက်အရ အမျိုးသားဟာ အင်္ဂါကြီးမားစေဖို့ အတွက် ကာမအားဆေးတစ်မျိုးကို သောက်သုံးခဲ့တယ်လို့ ၀န်ခံထားတဲ့အပြင် အမျိုးသမီးရဲ့ ခန္ဓာကိုယ်ထဲက သွေးတွေ ထွက်လာချိန်မှာမှ တစ်ခုခု လွဲချော်နေပြီဆိုတာကို သတိထားမိခဲ့တယ်လို့ ၀န်ခံထားပေမဲ့ နောက်ဆုံးမှာတော့ အမျိုးသမီးဟာ သေဆုံးသွားတဲ့အထိ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။ အခုအခါမှာတော့ အမျိုးသားဟာ Agodi အကျဉ်းထောင်မှာ ဖမ်ဆီးခံထားရပါတယ်။

အခုလို ဆေးသုံးစွဲတဲ့အမျိုးသားတွေကို ဘာကြောင့်လို့ ထင်လဲ။

Ref: Mirror 

Momolay

0 comments so far,add yours