Tuesday, November 29, 2016

thumbnail

အန္တာတိကတိုက်မှ ရေခဲများပျော်ကျနေပြီး သမ္မာကျမ်းစာပါ ကမ္ဘာပျက်ကိန်းဖြစ်နိုင်ဟု ပညာရှင်များဆို

ရာစုနှစ်တစ်ခုအတွင်း အချိန်မရွေး ကမ္ဘာ့မြို့ကြီး တော်တော်များများကို ပျောက်ပျက်သွားနိုင်စေတဲ့ ရေလွှမ်းမိုးမှုမျိုးဖြစ်နိုင်ဟု ပညာရှင်များက သတိပေးခဲ့ပါတယ်။


လေ့လာသူတွေက အနောက်အန္တာတိက ရေခဲပြင်ကြိးဟာ အထဲကနေ အပြင်ကို ကွဲထွက်လာနေပြီး ပင်လယ်ရေမျက်နှာပြင်ကို ၃ မီတာလောက်အထိ တက်လာစေမယ်လို့ ခန့်မှန်းနေကြပါတယ်။


“ဒီရေခဲပြင်ကြီး အရည်ပျော်မလား မပျော်ဘူးလားဆိုတာ မေးခွန်းတစ်ခုမဟုတ်တော့ပါဘူး။ ပျော်မှာ အားလုံး သိနေကြပါတယ်။ ဒါပေမယ့် ဘယ်တော့ ပျော်မလဲတော့ မသိသေးပါဘူး။ ကျွန်တော်တို့အသက်ရှင်နေတုန်းမှာလည်း ဖြစ်နိုင်ပါတယ်။”လို့ ပရော်ဖက်ဆာ Ian Howat က ပြောခဲ့ပါတယ်။


၂၀၁၃ တုန်းက ရေခဲပြင်မျက်နှာပြင်မှာ ကွဲကြောင်းကြီး စတင်ပေါ်လာခဲ့ပါတယ်။ ၂၀၁၅ မှာတော့ 225 square-mile

ရှိတဲ့ ရေခဲတုန်းကြီးပဲ့ထွက်ခါ မျောသွားခဲ့ပါတယ်။

အဲ့ဒီလိုဖြစ်ခဲ့ခြင်းဟာ ရေခဲပြင်ကြီးတစ်ခုလုံးရဲ့ အစိတ်အပိုင်းတွေ စတင်ပြိုကွဲလာတာကို ဖော်ပြနေကြောင်း Howat က ထောက်ပြခဲ့ပါတယ်။


အကယ်၍ ထိုရေခဲပြင်ကြီးတစ်ခုလုံး ပြိုကွဲပြီး အရည်ပျော်ပါက ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာပြီး ရေကြီးမှုတွေ ဖြစ်နိုင်ကြောင်း သတိပေးခဲ့ပါတယ်။


============


Search Myanmar

Subscribe by Email

Follow Updates Articles from This Blog via Email

No Comments

About

Powered by Blogger.