မောင်တော၊ နိုဝင်ဘာ ၁၄

အကြမ်းဖက်သမားများ၏ ချောင်းမြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့ရသည့် အမှတ် (၃၄၅) ခြေမြန်တပ်ရင်း ယာယီတပ်ရင်းမှူး ဗိုလ်မှူးကျော်ဇေယျ၏ အသုဘ အခမ်းအနားကို ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့၌ ယနေ့ (နိုဝင်ဘာ ၁၄ ရက်) မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း ဘူးသီးတောင်တပ်နယ်မှ ဗိုလ်မှူး တင်ကိုကိုဦးက ပြောဆိုသည်။
“ကျဆုံးခဲ့တဲ့ တပ်ရင်းမှူးရဲ့ မိဘတွေ အပါအဝင် တာဝန်ရှိသူတွေနဲ့ ဒေသခံတွေပါ လာရောက်ပို့ဆောင်ခဲ့ကြပါတယ်” ဟု ၎င်းက ထပ်မံပြောဆိုသည်။

နိုဝင်ဘာ ၁၂ ရက်က အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် စစ်ကြောင်းမှူး ယာယီတပ်ရင်းမှူး ဗိုလ်မှူးကျော်ဇေယျနှင့် အမှတ် (၅၅၁) ခြေမြန်တပ်ရင်းမှ တပ်သား လှစိုးဦးတို့ နှစ်ဦး ကျဆုံးခဲ့ကြပြီး တပ်သားလှစိုးဦး၏ အဘုသ အခမ်းအနားကို နိုဝင်ဘာ ၁၃ ရက်က ကျင်းပခဲ့ကြောင်း ဘူးသီးတောင်တပ်နယ်မှ သိရသည်။

အသုဘ အခမ်းအနားသို့ ကစထ(၃) မှူး ဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မောင်မောင်စိုးနှင့် ဘူးသီးတောင်မြို့ ဒေသခံများလည်း လိုက်ပါပို့ဆောင်ခဲ့ကြသည်။

ဓာတ်ပုံ - ဖိုးသီဟ

The Voice

0 comments so far,add yours