ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အတွင်း တပ်မတော်(ရေ)မှ တပ်မတော်သားများက နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် နိုဝင်ဘာ ၁၁ရက် နံနက် ၄ နာရီ ၁၅ မိနစ်ခန့်တွင် မကျီးချောင်းဝကျေးရွာနှင့် မောင်နီကျေးရွာ အကြား နတ်မြစ်အတွင်း၌ တစ်ဖက်နိုင်ငံသို့ ဖြတ်ကူးနေသော လက်ခတ် လောင်းလှေတစ်စင်းအား တွေ့ရှိ၍ ရပ်တန့် စေသော်လည်း မရပ်တန့်သဖြင့် လိုက်လံဖမ်းဆီးရာ လှေပေါ်ပါ အမျိုးသား လေးဦး အနက် သုံးဦးမှာ နတ်မြစ်အတွင်းသို့ ခုန်ချ ထွက်ပြေး လွတ်မြောက်သွားပြီး ကျန်ရှိသူ မာမွတ်ရှောရှိလ် (ဘ) ဟာမိအမ်ဆမ်ကို ဖမ်းဆီးရမိခဲ့သည်။


အလားတူ လှဖိုးခေါင်ကျေးရွာ တစ်ဝိုက် တပ်မတော်သားများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် နိုဝင်ဘာ ၁၁ရက် နံနက် ၄ နာရီ ၁၅ မိနစ်ခန့်တွင် လှဖိုးခေါင် ကျေးရွာမှ ထွက်ခွာလာသော မသင်္ကာဖွယ် မော်စတာရ် (ဘ) အဒူရော်ရိတ်ကို ဖမ်းဆီး ရမိခဲ့သည်။


ထို့အတူ နိုဝင်ဘာ ၁ဝ ရက် ညနေ ၃ နာရီခွဲခန့်ကလည်း ပူးပေါင်း အဖွဲ့များက သတင်းအရ ခမောင်းဆိပ် ကျေးရွာသို့ သွားရောက် ရှင်းလင်းရာ သက်ဆိုင်ရာ ကျေးရွာနေ မသင်္ကာဖွယ် ဘင်္ဂါလီများ ဖြစ်ကြသည့် ဒီမိုဟာမက် (ဘ)မူဆာဟာလီ၊ မော်လဝီဆော်ပီဟာလောင် (ဘ)မူလာဟူစိန်နှင့် မာမတ်အာလောင် (ဘ)မော်ဟီအာမတ်တို့ သုံးဦးအား ဖမ်းဆီး ရမိခဲ့သည်။ အဆိုပါ ဖမ်းဆီးရမိသူများအား တရားဥပဒေ အရ စစ်ဆေး အရေးယူဆောင်ရွက်နိုင်ရေး မောင်တောမြို့မ ရဲစခန်း၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်း (ကျီးကန်းပြင်)နှင့် ခမောင်းဆိပ် ရဲစခန်းများသို့ စနစ်တကျ လွှဲပြောင်း အပ်နှံပြီး ဖြစ်ကြောင်း သတင်း ရရှိသည်။


ကကပြည်

Popular News Journal

0 comments so far,add yours